01 : The start of the strange fate

7.2K 273 34
                                    

[Unicode]

Forget me not ...
ကျွန်တော့်ကို လုံးဝမမေ့လိုက်ပါနဲ့။
ကမ္ဘာမြေကြီး ပျက်သုဉ်းသွားသည့်တိုင်၊
စကြ၀ဠာကြီး မတည်ရှိတော့သည့်တိုင်၊
ကျွန်တော်က အမြဲတမ်းသတိရနေပေးမှာမို့
အစ်ကိုလည်း ကျွန်တော့်ကို လုံးဝ မမေ့လိုက်ပါနဲ့ ~

Forget Me Not

အချိန်အခါမဟုတ် ရွာသွန်းလာသည့် မိုးကြောင့် လမ်းမထက်ရှိ လူအချို့ဟာ ရုတ်ရုတ်သဲသဲဖြစ်လို့နေသည်။ ထီးပါလာသည့် လူများမှာတော့ အိန္ဒြေမပျက် ထီးကို ဖွင့်ကာ ဆောင်းလို့နေကြ၏။ လမ်းမဘေးရှိ ဆိုင်ခန်းငယ်လေးတို့၏ တံစက်မြိတ်အောက်တွင်လည်း ကျောင်းဆင်းချိန်ဖြစ်သည့်အတွက်ကြောင့် မိုးခိုနေသည့် ကျောင်းသူ၊ကျောင်းသား အနည်းငယ်ရှိသည်။ ပုံမှန်သွားလာလှုပ်ရှားနေသည့်လူထုဟာ မိုးကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားရသည်ပေါ့။ ဒီလိုပါပဲ။ ဖြစ်နေကြအတိုင်း ပုံမှန်ဆိုတာသာ ကောင်းသည်။ ဗြုန်းစားဝင်ရောက်လာသည့်အရာတွေကြောင့် အရာရာဟာ ဟန်ချက်မညီဖြစ်ကုန်ကြတာကြီးပဲမလား။ တည်ငြိမ်နေသည့် ကန်ရေပြင်သို့ ခဲလုံးတစ်လုံးပစ်ချလိုက်သလို ကမောက်ကမတွေဖြစ်ကုန်မှာပဲ။

ရှုတ်ထွေးနေသည့် ပတ်ဝန်းကျင်နှင့် မသက်ဆိုင်စွာ ကော်ဖီဆိုင်လေးတစ်ခု၏ ထောင့်ကျကျစားပွဲခုံလေးတွင် ကောင်လေးတစ်ယောက်ဟာ လက်ပ်တော့တစ်လုံးနှင့် အလုပ်ရှုတ်လို့နေသည်။ ထိုကောင်လေးမှာ မိုးရွာနေသည်ကိုပင် သိပုံမရပါ။ ကီးဘုတ်ပေါ်လျင်မြန်စွာပြေးလွှားနေသည့် လက်ချောင်းလေးတွေဟာ အာရုံစူးစိုက်မှုကို တစ်နည်းအားဖြင့် ပုံဖော်လို့နေ၏။ စားပွဲပေါ်ရှိ ကော်ဖီခွက်လေးသည်တော့ အပူဓာတ်ပင်ပျက်ပြယ်လို့နေကာ မိုးနှင့်အပြိုင် အေးစက်စက်သာဖြစ်လို့နေတော့မည်။ ခဏအကြာတွင် ကောင်လေးက လက်ပ်တော့ကို သိမ်းလိုက်သည်။ တပ်ထားသည့်စာကြည့်မျက်မှန်အဝိုင်းလေးကိုပါ တစ်ခါတည်းချွတ်ကာ စားပွဲပေါ်သို့ တင်လိုက်ပြီး လက်ညှိုးနှင့်လက်မလေးအား အသုံးပြုရင်း မျက်ခုံးရိုးနှစ်ဖက်ကို နှိပ်နှယ်လို့နေပြန်သည်။ ပြီးမှ အေးစက်နေသည့်ကော်ဖီခွက်လေးကို ယူကာ တစ်ကျိုက်တည်းမော့သောက်လိုက်သည်။

Forget Me Not [ Completed ]Tempat cerita menjadi hidup. Temukan sekarang