ဖော်ပြချက် ဖော်ပြချက်

7.1K 487 15
                                    

ထီးနန်း မလုအောင် ခွေးရူးကို ယဉ်ပါးစေသော်လည်း….

ဖော်ပြချက်
ကုယွမ်ပိုင်သည် BL ၀တ္ထု တစ်ခုထဲရှိ အားနည်းပြီး ဖျားနာနေတတ်သော အင်ပါယာ တစ်ပါးထံ ဝိဥာဉ်ကူးပြောင်းသွားသည်။ ထို့အပြင် သူကိုယ်တိုင်ကလည်း သံချောင်းလို ဖြောင့်မတ်သူဖြစ်သဖြင့် ထိုဝတ္ထုကို သေချာ မဖတ်ဖူးပေ။ ထို့ကြောင့် အကြမ်းဖျဉ်းမျှသာ သိလေသည်။ ဒီဝတ္ထုသည် နိုင်ငံရေးဘက်မှ အာဏာရရန်နှင့် ရုန်းကန်နေရသည့် အနာဂတ်၏ ဘုရင်ခံနှင့် မြို့တော်မှ ထိပ်တန်းအဆင့် အလှလေးတို့ကြားမှ ချစ်ခြင်းအကြောင်း ဖော်ကြူးထားခြင်းဖြစ်သည်။သူကမူ အနင်းခံ ကျောက်ပြားလို နေရာဖြစ်သည်။

ကု ရိုင်းစိုင်းကြမ်းတမ်းပြီး ရည်မှန်းချက်ကြီးတဲ့ ယွမ့်ပိုင် : ငါ့ကို ရယ်ချင်အောင် မလုပ်နဲ့

သူက အင်ပါယာလေ ဘာလို့ သူ့ရဲ့ အာဏာကို ဖြန့်ကျက်ပြီး သမိုင်းတွင်ခံအောင် လုပ်မယ့်အစား လက်လျှော့ပေးရမှာလဲ

၇ွှယ်ယွမ်  လက်၇ှိတွင် အာဏာအမြင့်ဆုံး ပိုင်ဆိုင်ထားသည့် ဗိုလ်ချုပ်ရဲ့သား.. အနာဂတ်ရဲ့ ဘုရင်ခံက တောက်လောင်နေတဲ့ ရည်မှန်းချက်တွေကို သိုဝှက်ပြီး ဖခင်ဖြစ်သူနှင့်အတူ နန်းတော်ထဲ ၀င်ခဲ့တယ်။ လူအုပ်ကြားထဲမှ ခိုးကြည့်လိုက်တဲ့အခါ အင်ပါယာငယ်ရဲ့ မျက်နှာကို သူ ဖျက်ခနဲ မြင်လိုက်ရတယ်

သဘာဝကျကျပင် ပုန်ကန်စိတ်ဖြင့် နှာခေါင်းရှုံ့ကာ သေချာ တွေးလိုက်သည်။
ဒါက အင်ပါယာငယ်လား ဟမ့် မိန်းမတွေထက်တောင် လှနေသေးတယ်။ဒီလောက် တအား လှလွန်းတဲ့ ရုပ်နဲ့ ပျော့ဖတ်နေတဲ့ ခန္ဓာကိုယ်နဲ့ သူ ဘယ်လိုများ တိုင်းပြည်ကို အုပ်ချုပ်မှာလဲ

သူ့ရဲ့ အပြစ်အနာအဆာ ကင်းတဲ့ ရုပ်ရည်နဲ့ သနားအောင် လုပ်ပြီးတော့လား…

ကုယွမ့်ပိုင်ကို ရန်စပြီးနောက် ၇ွှယ်ယွမ်က ဒူးထောက်ခစားရသည်။

ကုယွမ့်ပိုင် ချောင်းဆိုးလိုက်တဲ့အခါ နှင်းမှုန်တွေက ပခုံးပေါ်မှ ကွာကျသည်။ ရွှယ်ယွမ်၏ အမူအယာ မည်းမှောင်သွားတော့၏။

“ ငါ့စိတ် အခြေအနေက ကောင်းနေတာ မဟုတ်ဘူးနော်”
ကုယွမ့်ပိုင်က ပြောကာ ပြုံးသည်။ ထို့နောက် အက်ကွဲနေသည့် လေသံဖြင့် ဆို၏။

ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်းWhere stories live. Discover now