2.2K 333 16
                                    

အပိုင်း သုံး အရှင်မင်းကြီး လက်ကိုင်ပုဝါ ပျောက်သွားပြီ အပိုင်းခွဲတစ်

ကုယွမ့်ပိုင်က လက်ဖက်ရည်ကောင်းကို အိုးတ၀က်ခန့် သောက်ပြီးချိန်တွင် ပြိုင်ပွဲကလည်း ပြီးသွားသည်။ ကျောက်စားပွဲကို ထောက်ကိုင်ပြီး ဖြေးညင်းစွာ ထလိုက်သည်။ သူ့လက်ခုံများက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးကာ သွေးကြောစိမ်းများ ထင်းနေ၏။ကုယွမ့်ပိုင် အကြိမ်အနည်းငယ် ချောင်းဆိုးပြီးနောက် အနားရှိ နီးကပ်လာနေသည့် အထိန်းတော်ကို  ပြောလိုက်သည်။

“ အဆင်ပြေပါတယ်”

ဝန်ကြီးပင်းချန်းက စိုးရိမ်စွာ ပြောလာသည်။
“ အရှင့်ရဲ့ နဂါးခန္ဓာက သက်သာကာစပဲ ရှိပါသေးတယ်။ လေပြင်း အတိုက်မခံသင့်ပါဘူး။ အရှင်မင်းကြီး ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်သင့်ပါတယ်”

ကုယွမ့်ပိုင်၏ နှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားသည်။
သူ နေမကောင်းပေမဲ့ ရှင်သန်ချင်စိတ်အပြည့်ပါပဲ

သူက ပျော်ရွှင်စွာ ရယ်လျက် ပြောသည်။
“ ဆိုး၇ိုးစကားတစ်ခုလိုပဲ ဆေးတွေက အဖိုးတန်ပေမဲ့ အရသာက ဆိုးတယ်။ကျန်း ဆေးတစ်ခါသောက်တိုင်း နွယ်ချိုတစ်ခု ပါးစပ်ထဲ ပစ်ထည့်ချင်တော့တာ”

ဝန်ကြီးပင်းချန်းခမျာ ကူကယ်ရာမဲ့စွာဖြင့် ကောင်းကင်၏ ဆန္ဒကို အပြစ်တင်ချင်မိသွားသည်။
အရှင်မင်းကြီးက နှစ်ပေါင်းများစွာ ဖျားနာနေခဲ့တာ။ သူ့ရဲ့စိတ်ရှည်သည်းခံနိုင်မှုနဲ့ ခံစားချက်ကို ထိန်းနိုင်စွမ်းက သာမန်လူထက် သာတယ်။ သူ့ရဲ့ မြင်နိုင်စွမ်းကလည်း ပို ကြည်လင်ပြီး ရှင်းလင်းပြတ်သားလိမ့်မယ်။ဘာလို့များ ကောင်းကင်ရဲ့သားတော်ကို ဒီလို ကြည်စားရတာလဲ။

ထို့နောက် စိတ်မကောင်းဖြစ်နေသည့် စိတ်ကိုပြောင်းကာ အင်ပါယာအရှင်နှင့် ပြုံးရွှင်စွာဖြင့် စကားဆက်ပြောနေလိုက်သည်။

ထို့နောက် တစ်စုံတစ်ယောက်က နိုင်သည့်ဘက်နှင့် ရှုံးသည့်ဘက်အကြောင်း လာပြောသည်။ကုယွမ့်ပိုင်က သေချာနားထောင်ပြီး ပြော၏။
“ ဆုချလိုက်”

အင်ပါယာ ကိုယ်ရံတော် ခေါင်းဆောင်က ကောင်းကင်ကို တစ်ချက်ကြည့်ပြီးနောက် ကုယွမ့်ပိုင် တော်ဝင်နန်းတော်သို့ ပြန်ကြွရန် အဆင်ပြေကြောင်း လျှောက်လိုက်သည်။မဟာဟန်မင်းဆက် အင်ပါယာ ခုံ၇ုံးက နှစ်ရက်မှ တစ်ကြိမ် ကျင်းပရာ သူ သည်နေ့ ပြိုင်ပွဲသို့ ကြည့်ပြီးနောက်တွင် တက်ရောက်ရန် မရှိတော့ပေ။မူလကမူ လမ်းတွေအတွင်း သူ လှည့်ကြည့်ချင်ခဲ့သည်။ သို့သော် သူ့ရထားလုံးကို သယ်မည့်သူတွေနှင့် မြောက်များလှသော ကိုယ်ရံတော်များနှင့် အစောင့်များကို ကြည့်ပြီး လက်လျှော့လိုက်သည်။

ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်းWhere stories live. Discover now