အပိုင်း ၃၂
ရွှယ်ယွမ်၏လက်များက ရုတ်ချည်းတောင့်တင်းသွားသည်။ လူငယ်ဧကရာဇ်က သတိမေ့သွားပုံမပေါ်သေးသည်။သွေးများကိုအန်ထုတ်ပြီးနောက် ကုယွမ့်ပိုင်က စိတ်ပြန်ငြိမ်သွားသည်။ သူ့ရှေ့တွင် သတင်းလာပို့သောမိန်းမစိုးက တုန်ယင်နေသေးသည်။ ကုယွမ့်ပိုင်မျက်နှာကပျက်သွားပြီး ပြောလိုက်သည်။
“ကျန်းရွှီ သူ့ကို ခေါ်သွားပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးကြည့်လိုက်၊ အဲ့ဒီနောက် သူပြောတဲ့စကားတွေက မှန်မမှန်သိရအောင် အမြန်ဆုံးလူလွှတ်ပြီး သတင်းစုံစမ်းခိုင်း လိုက်”
မိန်းမစိုးက အားနည်းသွားသည်။ သန်မာထွားကျိုင်းသောအစောင့်များက သူ့ကိုခန်းမထဲမှ ဒရွတ်တိုက်ဆွဲခေါ်သွားသည်။ ကုယွမ့်ပိုင်က နှုတ်ခမ်းမှသွေးများကိုအ င်္ကျီလက်ဖြင့်သုတ်လိုက်ပြီး ရွှယ်ယွမ်၏လက်မောင်းကိုပုတ်သည်။
“ကျန်းကို အောက်ချပေးပါအုံး”
ရွှယ်ယွမ်က ကုယွမ့်ပိုင်ကို တောင့်တင်းသောမျက်နှာနှင့်အတူ အောက်သို့ချပေးသည်။ ကုယွမ့်ပိုင်က ခမ်းနားသော အဓိကထိုင်ခုံတွင်ဝင်ထိုင်သည်။ သူ၏တံခါးသို့ကြည့်နေသောမျက်ဝန်းက ထိုင်းမှိုင်းနေသည်။
လူတစ်ယောက်က အလျင်အမြန်သွားကာ တော်ဝင်သမားတော်ကိုသွားပင့်သည်။ သို့သော် ကုယွမ့်ပိုင်ကမူ စိတ်အခြေအနေမကောင်းသေးချေ။ သူက အလွယ်တကူ မသက်ရောက်ခံရသင့်ချေ။
စောင့်ကြည့်စစ်ဆေးရေးရုံးတော်မှ လူတစ်ယောက်ကလည်း မဟာတော်ဝင် ကိုယ်လုပ်တော်ဝမ်၏ အနားတွင်ရှိနေလေသည်။ သူမကသာ အမှန်တကယ်ဖျားနာခဲ့လျှင် မိန်းမစိုးတစ်ယောက်က သူ့ဆီသတင်းလာပို့ရမည်မဟုတ်ချေ။ ကုယွမ့်ပိုင်ကလည်း မည်သည့်သတင်းမျှ လက်ခံရရှိခြင်းမရှိခဲ့ချေ။
နန်းတွင်းအခြွေအရံတစ်ယောက်က သူ့ကို သဘက်တစ်ခုပေးလာသည်။ ကုယွမ့်ပိုင်က လှမ်းယူလိုက်ပြီး လက်နှင့်နှုတ်ခမ်းမှသွေးများကိုသုတ်သည်။ ရုတ်တရက် တစ်စုံတစ်ရာကို မှတ်မိသွားပြီး ရွှယ်ယွမ်ကိုကြည့်သည်။
YOU ARE READING
ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်း
Romancetranslation crd cover photo,I took this from pinterest Fake name