၂၁

995 107 4
                                    


အပိုင်း ၂၁
အရှင်မင်းကြီး၏မျက်နှာတော်ကို ဖူးမြော်ကြည့်ရှုနိုင်မည့်အပြင် အရှင်မင်းကြီး၏ တင်ပြမှုကို ကိုယ်တိုင်ကိုယ်ကျကြားရခြင်းက သူတို့၏ဘဝမှာ အကြီးကျယ်အမြင့်မြတ်ဆုံး အခိုက်အတန့်ဖြစ်သည်။ မည်သူကမျှ ထိုအခွင့်အရေးကို လက်လွှတ်မခံနိုင်ချေ။

ဘာသာရေးဌာနမှလူတိုင်းကလည်း အချိန်ပိုပင်ဆင်းရသည်အထိ အလုပ်များနေလေသည်။ ထို့ကြောင့် သူတို့က ကျောင်းသားများ၏ အဝတ်အစားများကို တိုင်းတာရန်နှင့် ထိုကျောင်းသားများကို သင့်တော်သောအပြုအမူများနှင့် ကျင့်ဝတ်များကို သင်ကြားလေ့ကျင့်ပေးရန် လိုအပ်နေလေသည်။ မဟာဟန်မင်းဆက် တွင် ဝန်ကြီးအဖွဲ့မရှိချေ။ ထို့ကြောင့် နန်းတွင်းစစ်မေးပွဲအတွက် ကြိုတင်ပြင်ဆင်ထားသော မေးခွန်းတိုင်းကို ကျန်းရွှီခန်းမသို့သာ အပ်ထားရသည်။ စစ်မက်ခုံရုံးနှင့်ကျန်းရှီခန်းမတို့က မဟာဟန်တစ်ခုလုံး၏ ဝန်ထမ်းရေးရာကိစ္စတိုင်းကို အကျွမ်းကျင်ဆုံးလုပ်နိုင်သည့်အဖွဲ့အစည်းများဖြစ်နေသည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ထားသော မေးခွန်းများအားလုံးကို စာမေးပွဲရလဒ်ကပ်ပြီးနောက် တစ်ရက်နေ့လည်ပိုင်းတွင် ကုယွမ့်ပိုင်ထံ တင်ပြလာသည်။

ကုယွမ့်ပိုင်က ထိုနေရာမှ မေးခွန်းအချို့ကို ရွေးချယ်သည်။ ထို့နောက် သူ၏ကိုယ်ပိုင်စိတ်ကူးနှင့်မေးခွန်းအချို့ကိုသာ ထပ်ဖြည့်ထည့်လိုက်၏။ ထိုမေးခွန်းများအားလုံးကို ဌာနသို့ပေးပို့ပြီးနောက် သူဧကရာဇ်၏တာဝန်က ပြီးသွားလေပြီ။

သူက နန်းတွင်းစာမေးပွဲအတွက် စောင့်ဆိုင်းနေချိန်တွင် ကုယွမ့်ပိုင်က ကျန်းရှီခန်းမမှ အမတ်များကိုဆင့်ခေါ်လိုက်ပြီး သူ့စိတ်ထဲတွင်ရှိနေပြီးသားဖြစ်သည့် ပုံစံချကာ မှတ်တမ်းစာလွှာများတင်ပြရသည့်ပုံစံမျိုးအကြောင်းထည့်ပြောလိုက်သည်။ ကျန်းရှီခန်းမမှ အရာရှိတိုင်းက တစ်ခဏခန့် စဉ်းစားဆင်ခြင်သွားကြသည်။ မျိုးရိုးနာမည်ကျိုးနှင့်အရာရှိတစ်ယောက်က လျှောက်တင်သည်။

“အရှင်မင်းကြီး ဒီအစေခံက စကားလုံးတွေနဲ့ပတ်သက်ပြီး စိတ်ရှုပ်ထွေးမိလို့ပါ၊ ဒါကြောင့် ဖြစ်နိုင်ရင် အရှင်မင်းကြီး အခုလေးတင်ပြောသွားတဲ့ စာရွက်ပေါ်မှာရှိသင့်တဲ့ စံပုံကြမ်းဇယားဆိုတာမျိုးကို ချပြပေးလို့ရနိုင်မလား”

ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်းWhere stories live. Discover now