၁၈+၁၉

1.2K 132 12
                                    


အပိုင်း ၁၈
ရွှယ်ယွမ်က ကုယွမ့်ပိုင်ကို အိပ်ယာပေါ်သို့ ချပေးသည်။ အခန်းထဲတွင်ရှိနေပြီးသား နန်းတွင်းမှအစေခံများက ဒူးထောက်လျက်သားရှိနေသည်။

မျက်ဝန်းတွင် မျက်ရည်စအပြည့်ဖြင့် ထျန်းဟူရှန်းကလည်း ဧကရာဇ်၏ဖိနပ်နှင့်ခြေအိတ်များကို ဂရုတစိုက်ချွတ်ပြီး ဘောင်းဘီအနားစများကို မတင်လိုက်လေရာ သူတို့၏မျက်စိရှေ့တွင် ရောင်ကိုင်းနေသည့် ခြေမျက်စိအဆစ်ကို မြင်လိုက်ရသည်။

ဧကရာဇ်၏ခြေမျက်စိက သွယ်လျပြီးသားဖြစ်သည်။ သို့သော် ရောင်ကိုင်းသွားပြီး နောက် အခြေအနေက ကြောက်စရာကောင်းသွားသည်။ ရွှယ်ယွမ်ကပင် ခေါင်းကိုငုံ့ကာ တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်မှောင်ကလည်း ကြုတ်သွားသည်။ သူကလည်း ခံစားချက်မကောင်းတော့ချေ။

ကုယွမ့်ပိုင်က တံခါးသို့သာ ခံစားချက်မဲ့စွာကြည့်နေသည်။ တစ်ခဏခန့်ကြာပြီးနောက် အလောတကြီးချဉ်းကပ်လာသော ခြေလှမ်းသံများကို ကြားရသည်။ အစောင့်ခေါင်းဆောင်ကျန်းရွှီက ကုယွမ့်ပိုင်၏ဒဏ်ရာများကို ကုသရန် အင်ပါယာတော်ဝင်သမားများကို ဆင့်ခေါ်လာသည်။ သူတို့၏အနောက်တွင်မူ တံခါးဝသို့ ရောက်ရောက်ချင်း ဒူးထောက်ချလိုက်သည့် ဗိုလ်ချုပ်ရွှယ်ဖြစ်သည်။ ဗိုလ်ချုပ်ရွှယ်က ကြမ်းပြင်ကို ဦးခေါင်းဖြင့်တိုက်ပြီး လှိုဏ်ခေါင်းသံအပြည့်ဖြင့် အော်သည်။

“အရှင်မင်းကြီး အရှင့်ရဲ့အစေခံက အပြစ်ရှိပါတယ်”

တော်ဝင်သမားတော်နှစ်ယောက်က လက်ဆေးပြီးနောက် ကုယွမ့်ပိုင်၏ခြေမျက်စိကို ကိုင်တွယ်နေသည်မှာ ကျောက်စိမ်းသားဖြင့် ထုလုပ်ထားသော တစ်စုံတစ်ရာကို ကိုင်တွယ်နေသလိုထင်ရသည်။ ယခုအခါ သူက ထိုသို့သော ဒဏ်ရာမျိုးရသွားသည်။ တော်ဝင်သမားတော်နှစ်ယောက်ကလည်း ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်နေကြသည်။ သူတို့ကလည်း မည်သည့်နေရာမှ စတင်ကြောင်း မသိကြချေ။

“ဗိုလ်ချုပ်ရွှယ် ဗိုလ်ချုပ်ရွှယ်က ဘယ်လိုပြစ်မှုမျိုးကြောင့် အပြစ်မကင်းသလို ခံစားနေရတာများလဲ”

ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်းWhere stories live. Discover now