အပိုင်း ၆အဆက်လုပ်ကြံသတ်ဖြတ်သူက စိတ်ဓာတ်ကျစွာ ပြောလာသည်။
“ အရှင်မင်းကြီး ကျွန်တော်မျိုးကို ဒေါသထွက်နေသေးတယ်ဆိုရင် ကျွန်တော်မျိုးကို စံအိမ်ကို အရင်ဆုံးပြန်ခွင့်ပြုပြီး အဖေ့ကို သတင်းပို့ဖို့ ခွင့်ပြုပေးပါ။ ကျွန်တော်မျိုးရဲ့ အဖေက အသက်ခုနှစ်ဆယ်ရှိနေပါပြီ။ သူက ထိတ်လန့်တုန်လှုပ်ဖွယ်သတင်းတွေကို တောင့်မခံနိုင်တော့ပါဘူး။ကျွန်တော် သတင်းပြန်ပို့ပြီးတာနဲ့ အရှင်မင်းကြီးက ကျွန်တော်မျိုးကို ဆန္ဒရှိသလို အပြစ်ပေးနိုင်ပါတယ်”ထိုအကြောင်းပြချက်ကြောင့် ကုယွမ့်ပိုင်ဟာ လီပေါင်ကိုနန်းတွင်းသို့ ဆင့်မခေါ်ခဲ့ခြင်းဖြစ်သည်။ ဒါက သူ တဖက်သူက သူ့အား အပြစ်မကင်းစိတ်ဖြင့် တောင်းပန်လာခြင်းကိုသာ ဖြစ်စေလိမ့်မည်။တဖက်လူအိုကြီးက ထိုစိတ်ကြောင့် သေသွားနိုင်သေးသည်။ ထိုလူက အလွန်ကျော်ကြားကာ ဂုဏ်သိက္ခာမြင့်မားသဖြင့် တစ်တိုင်းပြည်လုံးတွင် သူ၏ တပည့်များက အနှံ့ရှိနေရာ ဟိုဟိုသည်သည် နေရာတိုင်းတွင် ဆုံနိုင်နေသည်။
ကုယွမ့်ပိုင်သည် အလွန်ဒေါသထွက်ပြီး အော်ရယ်လိုက်သည်။ ဒေါသကို ဖိနှိပ်ထားရသဖြင့် သူ၏ ရင်ဘတ်ကပင်မို့မောက်လာသည်။ ထျန်းဖူရှန်း အလန့်တကြားဖြစ်သွားပြီး အရှင်ဘုရင်အနားေ ပြးကာ နှစ်သိမ့်ရင်း ထိုင်ရန် လျှောက်ရသည်။
နန်းတော်၏ ခန်းမထဲ ၀ရုန်းသုန်းကားဖြစ်နေသေးသည်။ လုပ်ကြံသတ်ဖြတ်သူလည်း ထိုသို့ဖြစ်လာရန် မမျှော်လင့်ထားမိပေ။သူ မျက်လုံးအပြူးသားဖြင့် အင်ပါယာအား ၀ိုင်းနေသော လူတစ်အုပ်ကို ကြည့်လိုက်သည်။
“ ကျန်း လီထောင်ကို ဘာမှပြောမှာ မဟုတ်မှန်း သူ သိနေတယ်”
ကုယွမ့်ပိုင်သည် လက်သီးကို တင်းတင်းဆုပ်ထားသည်မှာ ဖြူစုတ်လာသည်အထိ ဖြစ်သည်။“ သူ့အဖေကြောင့် ကျန်း သူ့အသက်ကို လွှတ်ပေးရမယ်မှန်း သူ သိနေတယ်”
ထျန်းဖူရှန်းက အလောတကြီး လျှောက်တင်သည်။
“ သူက အရှင်မင်းကြီးကို လုပ်ကြံဖို့တောင် ကြိုးစားခဲ့တာပါ။ ဒါက ဆွေစဉ်မျိုးဆက်တောင်သတ်ဖြတ်သင့်တဲ့ အမှုပါ”
YOU ARE READING
ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်း
Romancetranslation crd cover photo,I took this from pinterest Fake name