1.4K 202 1
                                    

အပိုင်း(၈)

အရှင်မင်းကြီးက စကားလုံးတွေနဲ့ သိမ်းသွင်းနေပြီ

ချူဝေ့က သူ​၏ဖီးနစ်မျက်ဝန်းထဲတွင် ဒေါသအကြည့်များနှင့် စိတ်မသက်မသာဖြစ်မှုများက ထင်ရှားစွာပေါ်လွင်နေသည်။သို့ရာတွင်အိပ်ယာလိုက်ကာစကိုဖွင့်ခဲ့သော ဟူယွမ့်ပိုင်ကိုယ်တိုင်ကလဲ အမူအရာက မသက်မသာဖြစ်နေလေသည်။သူက ချူဝေ့ကို တစ်ချက်သာ ကြည့်ပြီးသည်နှင့် အင်္ကျီလက်ကိုခါရမ်းကာ အဝေးသို့လျှောက်ထွက်သွားသည်။

ပထမဦးဆုံးအကြိမ် ချူဝေ့အတွက် အခြားသူများက ကျေနပ်သလိုလုပ်နိုင်ရန် ကြိုးချည်ပြီး အိပ်ရာပေါ် အတင်ခံရခြင်းဖြစ်သည်။သူ့အနေဖြင့် ပထမဦးဆုံးအကြိမ် တစ်ဖက်သူ​၏ မျက်ဝန်းထဲမှ ရွံရှာမှာကို မြင်ရခြင်း လဲဖြစ်သည်။သူက ရှင်းလင်းစွာမြင်လိုက်သည်။ထိုဝေဝေဝါးဝါးဖြစ်နေသောအကြည့်က တဖြည်းဖြည်းသူ့ကို ကြည့်လိုက်ချိန်တွင် ရှင်းပြလို့မရသော အာဏာရှင်ဆန်မှုနှင့် ခက်ထန်မှုကိုပို၍သိသာ ထင်ရှားလာစေပြီး တဖြည်းဖြည်းချင်း အံ့အားသင့်မှုမှတစ်ဆင့် ရွံရှာမှုအဖြစ်ပြောင်းလဲသွားခြင်းဖြစ်သည်။

ချူဝေ့ကိုယ်တိုင်က မသန့်ရှင်းသောအရာဖြင့် ကြည့်လိုက်ရသည့်အတွက် မျက်ဝန်းကပင် ညစ်ထေးသွားသလိုမျိုး ကြည့်လာခဲ့ခြင်းဖြစ်သည်။

ဧကရာဇ်က သူ့ကိုတစ်စုံတစ်ရာလုပ်ရန် ဆန္ဒရှိမနေခဲ့ချေ။သို့တိုင်အောင် ချူဝေ့​၏ရင်ထဲရှိဒေါသ မပျောက်ကွယ်သွားသေးချေ။ထို့ကြောင့် ပိုလို့ပင် အကောင်အထည် ဖြစ်တည်လာသည်။သူက ပိတ်ထားသော လိုက်ကာကိုသာ စူးရဲစွာကြည့်လာသည်။ထိုလိုက်ကာက အပြင်ဘက်သို့ ထင်ထင်ရှားရှား မြင်ရနေသေးသည်။အပြင်ဘက်ရှိ တောက်ပသော အဝါရောင်ပုံရိပ်ကို ဝေဝေဝါးဝါးမြင်နိုင်လေသည်။

ကုယွမ့်ပိုင်က အပြင်ဘက်ရှိ နူးညံ့သောထိုင်ဖုံတွင် တည်ငြိမ်စွာဝင်ထိုင်လိုက်င်္ပြး ထရန်းဖူရှန်း ကရှင်းပြလာမည့်အရေးကိုစောင့်နေလိုက်သည်။

အိပ်ယာထဲတွင် ရှိသော သူက ချူဝေ့ဖြစ်ပြီး ဝတ္ထုထဲတွင်ပါဝင်သော ရှို အဓိက အမျိုးသာဇာတ်လိုက်ဖြစ်ကြောင်း သိလိုက်ရသောအခါ ဟူယွမ့်ပိုင်က သူထိုင်ထားသော ထိုင်ဖုံ​၏လက်တင်ကို ဖြန်းခနဲချလိုက်မိသည်။ထွက်လာသော ခပ်အုပ်အုပ်အသံက လူအများ​၏ နှလုံးသားကို တုန်ယင်သွားစေသည်။ဟူယွမ်ပိုင်က ထိုလက်တင်နေရာကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်င်္ပြး ဖိညစ်လိုက်လေရာ သူ​၏ လက်ချောင်းထိပ်များကပင် ဖြူဖွေးသွားသည်။

ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်းWhere stories live. Discover now