1.5K 218 1
                                    

                အပိုင်း _

အရှင်မင်းကြီးရဲ့နဂါးအိပ်ယာကို လူတစ်ယောက်ကအပိုင်သိမ်းယူထားတယ်

 

မီးပုံပွဲတော်ဟာအလွန်လျှင်မြန်စွာ ကျရောက်လာသည် ။ထိုနေ့တွင်ကောင်းကင်၌တိမ်ကင်းစင်ပြီး
တောက်ပနေသည် ၊၊ တိုက်ဆိုင်စွာဖြင့်ထိုနေ့တွင်လည်း မနက်ပိုင်း တော်ဝင်ခုံရုံးတက်စရာမရှိချေ၊
ထို့ကြောင့်မနက်တစ်ပိုင်းလုံးအတွက် ဝန်ကြီးများအနေနှင့်သူတို့၏ အိမ်တော်အသီးသီးတွင် အနားယူနိုင်သည်၊၊နေကအမြင့်ဆုံးအချိန်ရောက်သောအခါ သူတို့က ၔကရာဇ်ကိုအဖော်ပြု၍ တော်ဝင် ဥယာဉ်ထဲတွင် လည်ပတ်နိုင်သည်။

 

ကုယွမ်ပိုင်က နေ့လည်ခင်းရောက်သည်အထိ တစ်ရေးအိပ်လိုက်သည်။ သူကဆေးကြောသန့်ရှင်းပြီး နေ့လည်စာစားပြီးနောက်

ဝန်ကြီးများအားလုံးဟာအပြင်တွင် စောင့်နေနှင့်ကြပြီးဖြစ် ပြီး တော်ဝင်အိပ်ဆောင်က နွေဦးရာသီအတွက် ဝတ်စုံသစ်များကို ပြင်ဆင်ထားသည်။ ကုယွမ်ပိုင်က ကိန်းကြီးခန်းကြီးနိုင်သော အဖြူရောင်လခြမ်းကွေးများပါသော ဝတ်စုံတွင် ရွှေရောင်နဂါးသင်ကေသများထိုးထားသော ဝတ်စုံကိုသာရွေးဝတ်လိုက်သည်။ သူကအပြင်ဘက်တွင်လည်း အပြာရောင် သိုးမွေးကုတ်ကို ဝတ်ဆင်လိုက်လေသည်။ သူ၏မျက်နှာရှိအပြုံးနှင့်အတူသူဟာတော်ဝင်အိပ်ဆောင်ထဲမှ ထွက်လိုက်သည်။

 

လွန်ခဲ့​သော ရက်အနည်းငယ်ခန့်က နွေဦးမိုးရွာပြီးနောက် တော်ဝင်

ဥယျာဉ်ထဲရှိ အံ့ချီးဖွယ်ပန်းများနှင့် ရှားပါးအပင်များဟာ

ပွင့်လာလေပြီ နန်းတော်ရှိအစေခံများက ထိုအပင်များကို အထူးတလှယ်

ဂရုစိုက်ခဲ့ကြပြီး၊ နေ့တိုင်းညတိုင်း စောင့်ကြည့် ကြပ်မတ်ခဲ့ကြသည်။

ဒီရာသီတွင် စိမ်းလန်းမနေသင့်သော အပင်များစွာကပင် အသက်စွမ်းအင်အပြည့်ဖြင့် ထင်ရှားစွာတောက်ပနေသည်။

ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်းWhere stories live. Discover now