၁၂

1.3K 191 18
                                    

အပိုင်း ၁၂ အပိုင်းခွဲတစ်

စာမေးပွဲပြီးသွားသောအခါ မဟာတော်ဝင် ဆရာလီပေါင်က အရှင်မင်းကြီးနှင့် တွေ့ခွင့်တောင်းခံခဲ့သည်။ သည်တစ်ကြိမ်တွင် အရှင်မင်းကြီးက သူနှင့် တွေ့ရန် မငြင်းဆန်တော့ဘဲ နောက်ဆုံးတွင် ကျော်ကြားသော တော်ဝင်ဆရာကို ဆင့်ခေါ်လိုက်တော့သည်။

နန်းတွင်းက ထွက်လာပြီးနောက် မဟာတော်ဝင်ဆရာ လီပေါင်၏ မျက်ဝန်းထဲတွင် မျက်ရည်များကိုပင် မြင်ရသည်။ သူက အကူအညီများနှင့်အတူ စံအိမ်သို့ ပြန်သွားသည်။ လီဟွမ်က သူ ပြန်လာကြောင်း ကြားသော် ချက်ချင်းလိုလို ဖခင်ဖြစ်သူကို လာတွေ့သည်။
“ အဖေ”
သူက အပြစ်ဒဏ်ကြောင့် ကိုယ်တစ်ပိုင်း သေလုနီးပါး ဖြစ်နေသော်လည်း စိတ်ဓာတ်ပိုင်းကမူ အလွန် တက်ကြွနေသည်။သူက တော်ဝင်ဆရာဖြစ်သူကို အနီးကပ်ကာ စိုက်ကြည့်နေသေးသည်။ သူ၏ မျက်ဝန်းထဲတွင် မျော်လင့်ချက်အပြည့်နှင့် သူက မေးလိုက်သည်။

“ အရှင်မင်းကြီးက ဘာများ မိန့်လိုက်သေးလဲ”

ဒေါသထွက်နေသော်လည်း ဒဏ်ရာများကြောင့်လည်း စိတ်မကောင်းကြီးစွာဖြစ်နေရသော လီပေါင်ဟာ သူ့ကို အေးစက်စွာ ပြန်ဖြေလိုက်သည်။

“ အရှင်မင်းကြီးနဲ့ ငါနဲ့ ပြောတဲ့ စကားတွေကို မင်းက ဘာကိစ္စနဲ့ ဂရုစိုက်နေတာလဲ”

“ ဒါဆိုရင် အရှင်မင်းကြီးက ဒီနေ့ ဘယ်လိုနေလဲ”

ထိုနေ့က မြင့်မြတ်သော ဧကရာဇ်ကအလွန်ဒေါသထွက်လွန်းသဖြင့် နှုတ်ခမ်းပါးနှင့် နားသံသီးများကပင် နီရဲနေခဲ့လေရာ လီဟွမ်က အရှင်မင်းကြီး၏ ခန္ဓာကိုယ်အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုရှိမည်ကို စိုးရိမ်နေခဲ့ရသည်။တော်ဝင်ဧကရာဇ်က သူ၏ ခန္ဓာကိုယ်ကဲ့သို့ မာကျောခက်ထန်နေမည်မဟုတ်လေရာ သူ့အနေနှင့် မစိုးရိမ်၍မရချေ။

လီပေါင်က အေးစက်စွာ ပြန်ဖြေသည်။
“ ငါက အရှင်မင်းကြီးရဲ့ မျက်နှာကို ဘယ်လိုသတ္တိနဲ့ စိုက်ကြည့်ရဲမှာလဲ”

လီဟွမ်က သက်ပြင်းချလိုက်သည်။ သူ၏ ခန္ဓာကိုယ်အနှံ့ ခပ်ထိုင်းထိုင်း နာကျင်မှုက ပျံ့လာသည်။ သူက မျက်နှာကို လှည့်ပြီး ခါးမှ အမွှေးနံ့သာအိတ်ကို ထိကိုင်လိုက်သည်။ထိုအိတ်က အရှင်မင်းကြီး၏ အပိုင်ဖြစ်သည်။ သူက ခန္ဓာကိုယ်ကို နောက်တစ်လှမ်း ဆုတ်လိုက်သည်။

ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်းWhere stories live. Discover now