2K 279 15
                                    


အပိုင်း လေး

မင်းမင်းဆက်၏ ကျင်းရီဝေ့၊ချင်မင်းဆက်၏ လုအန်း ရီဝေ့တိုကဲ့သို့ ကုယွမ့်ပိုင်ကလည်း သူ၏ အမိန့်ကိုသာ နာခံသည့် လက်ရွေးစင်အဖွဲ့ကို တည်ထောင်လိုခဲ့သည်။ ထိုသူများသည် ကိုယ်ခန္ဓာတောင့်တင်းပြီး သန်မာသည့် စစ်သည်များလည်း ဖြစ်ရန် လိုသည်။ သူ၏ စိတ်အတွင်း အမျိုးမျိုးသာ အကြံများက အဆုံးမသတ်နိုင်အောင် ရှိနေသည်။ကြီးကြပ်ရေးဌာနများနှင့် လက်ရွေးစင်တပ်ဖွဲ့များက အပြင်ဘက်တွင် ပေါ်ပေါ်ထင်ထင်ရှိနေကာ အချင်းချင်း စောင့်ကြည့်ပြီး ထိန်းချုပ်စေမည်ဖြစ်သည်။  သူ ထိုအဖွဲ့၏ နာမည်ကိုတောင် ကြိုတွေးထားသည်။ တုန်လင်ဝေ့ဟုခေါ်ချင်၏။ သို့ပါသော်လည်း  အကောင်အထည် ဖော်ရန်အတွက် မြို့တော်မှ ပြည်သူလူထု၏အ မြင်နှင့် အများသဘောတူရန်က လိုအပ်နေသေးသည်။

ကုယွမ့်ပိုင်လည်း သူ မသေချင် မည်သည့်အဆင့်အထိ လှမ်းနိုင်ပြီး လုပ်နိုင်ခဲ့မည်ဖြစ်ကြောင်း မသိသေးပေ။ သို့သော် ဘာမှမလုပ်ဘဲ နေရမည်ဆိုလျှင် မသက်မသာ ဖြစ်နေမည်မှာ သေချာသည်။

ထျန်းဖူက မီးကိုမှုတ်ကာ  အပြင်သို့ ဖြေးညင်းစွာ ထွက်သွားသည်။တံခါးပိတ်ပြီးသည့်အခါ အပြင်ဘက်ရှိ အစောင့်ခေါင်းဆောင်ကို ခေါင်းညိတ်ပြကာ ခပ်တိုးတိုး ပြောလိုက်သည်။
“ အရှင်မင်းကြီး ဒီနေ့ အတော် ပင်ပန်းသွားတာ”

အစောင့်ခေါင်းဆောင်၏ မျိုးရိုးနာမည်က ကျန်းဖြစ်ကာ နာမည်က ကျန်းရွှီဖြစ်သည်။ သူက သူရဲကောင်းဆန်သည့် ပုံပန်းသွင်ပြင်၇ှိပြီးလ ုပ်ရဲ ကိုင်ရသည့်အပြင် အရပ်လည်းအလွန်ရှည်သည်။ သူ့ကို အင်ပါယာက တားမြစ်စစ်တပ်မှ အထူးသီးသန့် ရွေးချယ်ထားခြင်းဖြစ်သည်။ သူက အင်ပါယာကို သစ္စာရှိကာ ထျန်းဖူနှင့် ပေါင်းပြီး အင်ပါယာအတွက် တွေးတောပေးသူလည်းဖြစ်သည်။ အင်ပါယာကိုသာ စိတ်ရင်းဖြင့် ကာကွယ်စောင့်ရှောက်လိုသူဖြစ်သည်။

အစောင့်ခေါင်းဆောင်က သက်ပြင်းချကာ ပြောသည်။
“ အရှင်မင်းကြီး ဒီနေ့ တကယ် ပျော်နေရှာတာ”

ထျန်းဖူရှန်းလည်း ခေါင်းညိတ်သည်။
“ဟုတ်တယ်။ အရှင်မင်းကြီးကသာ စိတ်ပျော်မယ်ဆိုရင် နောက်တစ်ကြိမ်မှာ ဒူးထောက်တောင်းပန်ပြီးတော့ကို အရှင်မင်းကြီးကိုကြည့်စေမယ်။ အရှင်မင်းကြီးကသာ သဘောကျမယ်ဆိုရင် ဒီအဘိုးကြီး ခါးကျိုးမယ်ဆိုရင်တောင်မှ ဘောလုံးကို ကန်ဖို့အသင့်ပဲ”

ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်းWhere stories live. Discover now