1.8K 271 11
                                    


အပိုင်း ငါး

မြစ်ထဲတွင် လှေငယ်လေးတစ်စင်းက လှိုင်းများနှင့်အတူ လွင့်နေသည်။

ရွှယ်ယွမ်က လှေပေါ်တွင် မည်းမှောင်သော မျက်နှာထားဖြင့် ရှိနေသည်။ သူ၏ အနောက်ဘက်တွင် တလီဂူကျောင်း လက်ထောက် ဌာနအကြီးအကဲ၏ သားဖြစ်သူ ချန်းယွီယန်က ၀ိုင်သောက်ပြီး ရစ်မူး ဇိမ်ခံနေသည်။သူက ရွယ်ယွမ်၏ မျက်နှာကို ကြည့်ပြီး ရယ်သည်။
“ ဒီဘက် လှည့်စမ်းပါ၊ ဘာလဲ မင်းရဲ့ အမေမတူတဲ့ ညီငယ်သုံးက အနှောင့်အယှက်သမားကို မဖမ်းနိုင်ခဲ့ဘူးတဲ့လား”
( သူက ဒီခေတ်လို သုံးထားပေမဲ့ အောက်ဘက်မှာတဲ့ ကိုယ်လုပ်တော်က မွေးတဲ့သားလို့ြ ပန်ရှင်းပြထားပါတယ်… ကြည့်ရတာက တအားရင်းနှီးလို့ သို့မဟုတ် စည်းမျဉ်းကို သောက်ဂရုမစိုက်လို့ ဖြစ်ပါလိမ့်မယ်… ကြွေတော့ ဒုတိယတစ်ခုလို့ ထင်တယ်)

ရွှယ်ယွမ်၏ နှုတ်ခမ်းများက ကော့တက်သွားကာ ညင်သာစွာ ရယ်သည်။
“  မင်း ဘာစကားပြောလိုက်တာလဲ ယွီယန်၊ အဲဒိကောင်က ငါ့အမေကို ဘယ်လို လှည့်စားခဲ့လဲသိလား၊ ငါ ဒီနေ့ အိမ်တော်ကို ပြန်ရောက်တော့ အဲဒိကောင်ကို သတ်မိတော့မလို့”

ချန်းယွီယန်က သဘောတကျရယ်သည်။
“ပိုပြီး ရှုပ်ထွေးတာက  မင်းအဖေက လစာအဖြတ်ခံရပြီး မင်းရော မင်းအဖေရော အခြားအရာရှိတွေရဲ့ အရှေ့မှာ အဆူခံရတာပဲ”

ရွှယ်ယွမ်၏ အပြုံးက ပိုပြီး နက်ရှိုင်းသွားသည်။
“ မင်း ဒီလိုတော့ မပြောနဲ့လေ။ အဖေ အိမ်ပြန်လာတော့ ငါ့ကို ဘာပြောတယ်မှတ်လဲ၊ လုံးဝ မဆူတဲ့အပြင် နောက်တစ်ခါ အင်ပါယာငယ်လေးနဲ့ တွေ့ခွင့်ရတဲ့အခါ ငါ့ရဲ့ အပြစ်တွေကို တောင်းပန်လိုက်ပါလို့တောင် နားချသေးတာ”

ချန်းယွီယန်ကလည်း ရယ်သည်။
ဒီကောင် ရွှယ်ယွမ်က လူပုံစံနဲ့ ခွေးစိတ်ပဲ..ဒါပေမဲ့ သူ့စိတ်က ခွေးထက် ကြမ်းတယ်။ သူက ပြုံးပြုံးလေးရှိနေပမဲ့ စိတ်ထဲမှာတော့ ကြောက်ဖို့ကောင်းတဲ့ ရက်စက်တဲ့ နည်းလမ်းတွေကို တွေးနေလောက်ပြီ

ရွှယ်ယွမ်က ကောင်းကင်ကိုပင် အံတုရဲပြီး ဘာစည်းမျဉ်းကိုမှ ဂရုမစိုက်တတ်ပေ။ ဗိုလ်ချုပ်ရွှယ်ကသာ သေချာ စောင့်မကြည့်ထားခဲ့လျှင် သူ၏ ထိုညီငယ်လေးအား အပြင်ကို ပစ်ထုတ်ပြီး ၀ံပုလွေစာ ကျွေးလိုက်မှာပင်။သူက ကပ်ဘေးဆိုတာနှင့် သေမျိုးတို့၏ ပြစ်တင်ဆူပူခြင်းများကိုလည်း ဂရုမစိုက်ပေ။

ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်းWhere stories live. Discover now