အပိုင်း ၆အစောပိုင်း ဒုတိယမြောက် လူနာလဟာ ခါးသီးစေလောက်အောင် အလွန်အေးသည်။ နန်းတွင်းမှ တော်ဝင်သမားတော်မှာ အကောင်းဆုံးကြိုးစားကာ အင်ပါယာ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တည်ငြိမ်စေရန် အမျိုးမျိုး ထိန်းသိမ်းပေးနေရသည်။ကုယွမ့်ပိုင်ကလည်း ကောင်းကောင်း ပူးပေါင်းသည်။ ကံကောင်းစွာဖြင့် လေအေးများက သူ့ကို သေစေနိုင်လောက်အောင် ပြင်းထန်သည်မှ ထူးထူးခြားခြား ပြဿနာ မရှိလာပေ။
သူ အားသည့် အချိန်တိုင်း အင်အားကြီး ၀န်ကြီးဆိုသည့် ဒရာမာအကြောင်း တွေးဖြစ်သည်။အင်အားကြီး ၀န်ကြီးဆိုသည်မှာ ဘုရင်ခံ၏ လက်ထဲမှ ကျောက်စိမ်းတုံးလေးဆိုသော ၀တ္ထုကို ပြန်ရိုက်ထားသည့် ဇာတ်လမ်းဖြစ်သည်။ဇာတ်ကြောင်းဆိုလျှင် ကုယွမ့်ပိုင် သေချာမနားလည်ပေ။
ထိုဒရာမာက အလွန်ကျော်ကြားကြောင်း သူ သိလိုက်သေးသည်။ ဒရာမာဇာတ်ကြောင်းထက်ပိုကျော်ကြားသည်မှာ ထင်ရှားလှသော ညီအစ်ကို ချစ်ခြင်းဖြစ်သည်။
ကြားရသည်မှာ မနည်းတော့သဖြင့် ညီအစ်ကိုချစ်ခြင်းကို နားရည်ဝနေသည့်တိုင် သေချာ နားမလည်ပေ။စာအုပ်ထဲမှ အဓိကဇာတ်လိုက်များက ထူးဆန်းသည်ဟုလည်း သူ ခံစားမိသည်။သူက ပျင်းပြီး မဖတ်ချင်သဖြင့် သူများထံမှစပ်စုခဲ့ရာမှ ထူးဆန်းစွာဖြင့် ထို အဓိကဇာတ်လိုက်များက ယောင်္ကျားများကိုလည်း မကြိုက်ကြပြန်ပေ။
ကုယွမ့်ပိုင်က မျက်နှာကို ရေဖြင့် သန့်စင်ပြီးနောက် သဘက်ဖြင့် သုတ်လိုက်သည်။သူက သာမန်ကာလျှံကာ မေးလိုက်၏။
“ မြို့တော်မှာ တောင်ပိုင်းလေလို အဆောက်အဦရှိလား”
(မှန်ပါတယ် ယူတို့ နားရည်ဝပေမဲ့ မထင်ထားတဲ့ဟာပါ….
နန်ဖုန်း-တောင်ပိုင်းလေမှာ ပါတဲ့ နန်က ယောင်္ကျား သို့ အမျိုးသားကို ပြောတာပါ ပြန်ကြည့်ရင် အမျိုးသားများ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေပေးသောနေရာလို့ သုံးရမယ်ထင်တယ်…. မီး သေချာ မပြန်တတ်.. ၀ူး)ထျန်းဖူရှန်းက သဘက်ကို တရိုတသေယူပြီး ပြန်ဖြေသည်။
“ ဟုတ်ကဲ့ အများကြီး ရှိပါတယ်”
YOU ARE READING
ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်း
Romancetranslation crd cover photo,I took this from pinterest Fake name