အပိုင်း ၃၀
တော်ဝင်သမားတော်က ရောက်လာပြီးနောက် ကုယွမ့်ပိုင်က အအေးမိကြောင်း နာမည်တပ်ခံရသည်။ သတင်းကြားသောအခါ ထျန်းဟူရှန်းက သူ၏အိုမင်းနေသည့် ကျောကိုသယ်ကာ အပြေးရောက်လာပြီး သူ့ကိုခစားချင်သည်။ သို့သော် ကုယွမ့်ပိုင်က သူ့ကိုပြန်ပို့လိုက်သည်။သူ့အား ငြိမ်းငြိမ်းချမ်းချမ်းအနားယူနေပြီး ဒုက္ခမများရန် ဖျောင်းဖျလိုက်သည်။
မကြာခဏဆိုသလို လေအေးမိပြီးသွားသောအခါ ကုယွမ့်ပိုင်အနေဖြင့် ထိုအဖျားနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိနေလေပြီ။ ထို့ကြောင့် သူ၏အခြေအနေက လေးနက်ပုံရသည်။ သည်အတိုင်းဆိုရသော် ယခင်တစ်ခေါက်က သူ့အား သတ်လုနီးပါးဖြစ်သွားသော အအေးဒါဏ်လောက် မပြင်းထန်သေးချေ။ အတွေ့အကြုံအရ သူက ရက်အနည်းငယ် အားမွေးလိုက်ရုံဖြင့် ပြန်လည်ကောင်းမွန်ပေလိမ့်မည်။
ကုယွမ့်ပိုင်က တည်ငြိမ်နေသည်။ နန်းတွင်းထဲရှိမီးဖိုကိုလည်း မွှေးထားသည်။ ထို့အပြင် သူ့လက်ထဲတွင်လည်း အပူပေးသောအဝတ်ကို ကိုင်ထားသလို အပေါ်မှလည်း ခပ်ထူထူဝတ်ရုံဖြင့် အုပ်ထားသေးသည်။ သူက ထိုစားပွဲနားတွင် တည်ငြိမ်စွာ ထိုင်ပြီးနောက် မှတ်တမ်းများကို ဖတ်ရှုနေလိုက်သည်။
“ကျင်းရှီအသစ်က ဒီပစ္စည်းတွေကို ကျင့်သားရအောင်သုံးနိုင်ဖို့ သေချာစေရမယ်”
ဧကရာဇ်အသစ်က ချောင်းအသာဟန့်သည်။ သူ၏အသံက အနည်းငယ်ဩရှ နေသေးသည်။
“သူတို့ကို အောက်ခြေကနေစပြီးလုပ်ခိုင်း၊ အဲ့ဒီပြည်နယ်တွေက အစိုးရကိုလည်း ဒီဇယားကွက်တွေကို နမူနာပုံစံအတိုင်း မှတ်တမ်းတင်နိုင်ဖို့ ကျင့်သားရပါစေ၊ သူတို့က ဒီနည်းလမ်းတွေကိုသုံးပြီး မှတ်တမ်းတင်လာမှပဲ အမိန့်ပေးတဲ့စာရင်းအတွင်းမှာဝင်နိုင်ပြီး လုပ်ရိုးလုပ်ထုံးက ပြီးမြောက်နိုင်မယ်”
ကျန်းရှီခန်းမမှ ပြည်နယ်ဝန်ထမ်းရေးရာဌာနမှအမတ်နှင့် တရားဝင်အကြီးအကဲက ထိုစကားကိုကြားသောအခါ တုန်ယင်သွားသည်။
“အရှင်မင်းကြီး အရှင်မင်းကြီးရဲ့တော်ဝင်ခန္ဓာကိုယ်က အရေးကြီးဆုံးပါ၊ ဒီအမတ်တွေက ကောင်းကောင်းလုပ်ထားပါ့မယ်၊ ဒါကြောင့် အရှင်မင်းကြီး မစိုးရိမ်ပါနဲ့”
YOU ARE READING
ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်း
Romancetranslation crd cover photo,I took this from pinterest Fake name