သူပင် မှတ်တမ်းများကို အပြီးသတ်ပြီးလေရာ အချိန်ကား အလွန်လင့်နေလေပြီ။ လုပ်ကြံသတ်ဖြတ်သူသည် အနက်ရောင် ၀တ်စုံကို ၀တ်ထားသည်။ ပုံစံကား ထူးဆန်းသည်။ကုယွမ့်ပိုင်သာ အင်ပါယာတစ်ခုလုံး ပြောင်းလဲမှုများလုပ်ခဲ့ပြီး သေချာ ကိုင်တွယ်ခဲ့ခြင်းမရှိပါက ထိုကဲ့သို့သော ကျွမ်းကျင်ပညာရှင်မျိုးအား ယခင် လျော့တိလျော့ရဲ မသေမချာ အစောင့်များက ဖမ်းမိမည် မဟုတ်ပေ။
ကုယွမ့်ပိုင်က သူ၏ အဆောင်တော်ရှိ အရာရှိအမှုထမ်းများ၏ အနောက်ဘက် အထက်ပိုင်းကျရာ မြင့်မားသော တစ်နေရာတွင် ထိုင်နေသည်။ သူ၏ လေသံကား တစ်ဆယ့်နှစ်လမြောက် လ၏ အေးစက်သော လေပြေများအလား ခဲစိမ့်နေသည်။
“ မင်းကို ဘယ်သူက လွှတ်လိုက်တာလဲ”လုပ်ကြံသတ်ဖြတ်သူက မြေပြင်တွင် အဖိခံထားရသည်။ သူက အော်ကာ တရားမျှတမှုအတွက် တောင်းခံ၏။
“ပန်းသူခိုးကို လုပ်ကြံသတ်ဖြတ်သူလို့ ဘယ်သူက ယိုးစွပ်လိုက်တာပါလဲ။အရှင်မင်းကြီးမှာ ကောင်းမွန်တဲ့ ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်။ ဒီငယ်သားက ဆာလောင်မှုကြောင့် ကန်းပြီး အတင့်ရဲစွာနဲ့ နန်းတွင်းဝင်လို့ တစ်ချက် ခိုးကြည့်ချင်ခဲ့မိတာပါ”
ကုယွမ့်ပိုင်:” ပန်းသူခိုးဆိုတော့ ပန်းခူးမယ်ပေါ့လေ… ဆိုတော့ မင်းက ကျန်းရဲ့ အဆောင်တော်က ပန်းကိုတောင် ခူးချင်သတဲ့လား။ ဆိုစမ်းပါဦး ဘယ်လိုပန်းကိုများ ခူးချင်ရတာလဲ”
သူ၏ လေသံက အေးစက်နေသည်။အင်ပါယာ အနောက်နန်းဆောင်တွင် မည်သည့် ကိုယ်လုပ်တော်မှပင် မရှိသေးပေ။ သို့ဆိုလျှင် ထိုပန်းကား သူ၏ အစေခံများကိုသာ ရည်ညွှန်းနေခြင်းဖြစ်ရပေမည်။လုပ်ကြံသတ်ဖြတ်သူဟာ ခေါင်းကိုမော့ကာ အင်ပါယာရှိရာသို့ ကြည့်သည်။ အင်ပါယာငယ်ဟာ အလွန်ဒေါသထွက်နေသဖြင့် နှုတ်ခမ်းက တဆတ်ဆတ်တုန်ပြီး နားရွက်များက နီရဲနေသည်။ မျက်ဝန်းကလည်း အေးစိမ့်နေ၏။သို့ရာတွင် ထိုကဲ့သို့ ပုံစံလေးကပင် မင်သက်သွားစေလောက်အောင် အကြည့်မလွဲရက်နိုင်ခဲ့ပေ။ လှပလွန်းသည့် တစ်နေရာရာအား မမြင်နိုင်ခဲ့မည်ကိုပင် စိုးရိမ်မိသည်အထိ….
YOU ARE READING
ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်း
Romancetranslation crd cover photo,I took this from pinterest Fake name