အပိုင်း ၂၆
နန်းတွင်းစာမေးပွဲက အဆုံးသတ်သွားပြီးနောက် ဖြေဆိုသူများအတွက် အခက်ခဲဆုံးကာလက သူတို့၏ဖြေဆိုမှုများအား စစ်ဆေးသူများ၏အဖြေကို စောင့်ဆိုင်းနေရခြင်းဖြစ်သည်။တစ်သုတ်တည်းနာမည်ဆိုးနဲ့ ကျော်ကြားသွားသောအခြေအနေမျိုးကလည်း လက်တစ်ကမ်းအကွာတွင်ဖြစ်သည်။ အောင်မြင်သောဖြေဆိုသူတိုင်းကို ရွှေရောင်စာရင်းဖြင့် ဖော်ပြပေးမည်ဖြစ်သောကြောင့် ထိုစာရင်းတွင်ပါဝင်နိုင်ရန်အလို့ငှာ နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန်လေ့လာခဲ့ကြရသည်။ ထို့နောက် တစ်ဘဝလုံးစာ အနောက်မှကပ်ပါလာမည့် ရလဒ်အဆင့်သတ်မှတ်ချက်စာရင်းကို ရရှိကြမည်ဖြစ်သည်။
နန်းတွင်းအတွင်းတွင် ဟန်လင်းစာသင်သားများမှ ဦးဆောင်သော စာမေးပွဲ ကြီးကြပ်စစ်ဆေးသူရှစ်ယောက်နှင့် မဟာဟန်၏ဗဟိုအစိုးရ၏အမတ်များက ဖြေဆိုသူတိုင်း၏ အဖြေစာရွက်တိုင်းကို ကြည့်ရှုစစ်ဆေးနေကြသည်။ စာမေးပွဲစစ်ဆေးသူ ရှစ်ယောက်ထဲမှ တစ်ယောက်ချင်းစီတိုင်းက စားပွဲတစ်လုံးစီရထားကြပြီး အဖြေစာရွက်များအားလုံးလည်း တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းပေးကြပြီး အဆင့်ဆင့်စစ်ဆေးရခြင်းဖြစ်သည်။ အနီးအနားတွင်လည်း အင်ပါယာအစောင့်များက စောင့်ကြပ်ရန်ရောက်နေကြ၏။ သူတို့က မကြာခဏအပြေးအလွှားသွားလာနေရသည်။ သည်နည်းအားဖြင့် အောင်မြင်သူကျောင်းသားများ၏အဆင့်ကို အမြန်ဆုံးထုတ်ပေးနိုင်ရန် မျှော်လင့်နေကြသည်။
ရက်အနည်းငယ်ခန့်ကြာပြီးနောက် တရားစာမေးပွဲကျင်းပသော ဌာနက အကောင်းဆုံးရမှတ်များနှင့် စာရွက်ဆယ်ရွက်ကို ဧကရာဇ်ထံတင်ပြလာသည်။ သည်နည်းအားဖြင့် သူက အမတ်များနှင့်ပေါင်းကာ ကျွမ်းယွမ်ပန်းရန်နှင့် ထန်ဟွားတို့ကို ရွေးချယ်နိုင်မည်ဖြစ်သည်။
စာမေးပွဲတွင် ကျောင်းသားတစ်ယောက်က အဆင့် ၂၀ နေရာအောက် ရောက်နေသော အခြေအနေမျိုးကြောင့် သူ့ကိုဖယ်ထုတ်လိုက်သောအခါ ကျန်သော ထိပ်ဆုံးဆယ်ယောက်က ထိပ်ဆုံးကိုးယောက်အဖြစ် ပြောင်းလဲသွားသည်။ အခြားသောသူများကမူ အသီးသီးဖယ်ရှားခံရ၏။ ထိုသို့ဖြင့် အပြောင်းအလဲအနည်းငယ် ဖြစ်သွားသည်။
YOU ARE READING
ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်း
Romancetranslation crd cover photo,I took this from pinterest Fake name