အပိုင်း(၉)
အရှင်မင်းကြီးက အနာဂတ်ဘုရင်ခံကိုအပြစ်ပေးလိုက်တယ်။
နောက်နှစ်နွေရာသီတွင် ဘာသာရေးဝန်ကြီးဌာနက စာမေးပွဲကို ကြီးကြပ်ကာ ဦးစီးဆောင်ရွက်ရမည်ဖြစ်သည်။ချူဝေ့ကသာ ထိုစာမေးပွဲတွင် ဝင်ပါချင်လျှင် သူ၏ဖခင်က နောက်ဆုတ်ရတော့မည်ဖြစ်သည်။
ထိုရက်များတွင် တော်ဝင်ခုံရုံးက စာမေးပွဲအကြောင်းဆွေးနွေး့ကပြီး တတိယလ၏အစောပိုင်းတွင် ကျင်းပရန်ဆုံးဖြန်လိုက်ကြသည်။ဟူယွမ့်ပိုင်နှင့်အမတ်များက စာမေးပွဲနှင့်ပတ်သတ်သော အချက်အလက်များ ဆွေးနွေးပြီးနောက်တွင် ဂန္တဝင်စာပေ မူဝါဒများ၊ဂဏန်းတွက်ချက်ခြင်း၊ကဗျာစာပေ ဆေးမြစ်များနှင့် အမျိုးမျိုးသော ဘွဲ့အမည်နာမများအကြောင်း စာပိုဒ်ရှည်များရေးသားဖော်ပြရမည်ဆိုသည့်အကြောင်းကို ဆွေးနွေးသတ်မှတ်လိုက်ကြသည်။ဦးစီးဆောင်ရွက်ရမည့်သူများက အဆင့်တစ်နှင့် အဆင့်နှစ် အဆင့်မြင့်အရာရှိထဲမှ သုံးယောက်နှင့် ကျောင်းအုပ်ဖြစ်သည်။သူတို့နှင့်အတူ နောက်ထပ် စစ်ဆေးပေးမည့်အခြားသော အရာရှိဆယ့်ရှစ်ယောက်လဲပါသည်။ဘာသာရေးဌာနဘက်က ပါဝင်ဖြေဆိုမည့်သူများကို ကုယွမ့်ပိုင်ကို ရွေးချယ်ရန်ပေးလာသည်။
တောဝင်ခုံရုံးကဏ္ဍပြီးသွားပြီးနေရက် ကုယွမ့်ပိုင်က ထိုစာရင်းကိုရလိုက်သည်။သူက လူများကို အတတ်နိုင်ဆုံး အမြန်ဆုံး ရွေးချယ်ရမည်ဖြစ်သည်။သုံးရက်ကြာပြီးနောက်တွင် ထိုလူများကို တော်ဝင်အစောင့်၏ နောက်မှ လိုက်ပါစေလျက် ချိတ်ပိတ်ထားမည့် စာမေးပွဲခန်းမ ခြံဝန်းထဲသို့ ဝင်ရောက်စေမည်ဖြစ်သည်။ရွေးချယ်ခံရမည့် သူများကအားလုံးက ပညာသင်သားများဖြစ်ကြသည်။အားလုံးကလဲ ဧကရာဇ်၏ ကျောင်းသားများဖြစ်ကြသော်လည်း စာမေးပွဲဖြေဆိုသူများကို ကြည့်ကြပ်သူများနှင့် ခေါင်းဆောင် အခြားသော အရာရှိများအားလုံးကလည်း ဆရာဘွဲ့ကို လက်ခံရရှိထားကြသည်။ဒီစာမေးပွဲက အားလုံး၏အဆင့်အတန်းကို တိုးမြှင့်ပေးမည့် ဂုဏ်ယူရသော ကိစ္စတစ်ခုလဲဖြစ်သည်။ဂရုတစိုက် ရွေးချယ်ခံရသူများအားလုံးက ဧကရာဇ်က ယုံကြည်ရသော ကျင်းရှီများ ဖြစ်ကြသည်။အချိန်သည်အထိ ကန့်သတ်ချက်မရှိဘဲ သူယုံကြည်ရန် လူများကို ရွေးချယ်နေသည်နှင့်လဲတူသည်။
YOU ARE READING
ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်း
Romancetranslation crd cover photo,I took this from pinterest Fake name