အပိုင်း ၂၄
ကုယွမ့်ပိုင်က လက်လုပ်လေးကိုကိုင်ကြည့်လေရာ လက်နှစ်ဖက်လုံး အတူပေါင်းကိုင်သည့်တိုင်အောင် မထားရုံသာတတ်နိုင်လေသည်။ သူက သက်ပြင်းချလိုက်ပြန်၏။ သူက သူ၏နူးညံ့ကာပေါ့ပါးလွန်းသောလက်ရာကိုပင် ထိုသို့ကိုင်နေရသည့်အတွက် ကိုယ်ပိုင်ကံကောင်းမှုကိုပင် သက်ပြင်းမိသေးသည်။သူက အပြင်သို့ထွက်လိုက်သည့်တစ်ခဏတွင် လေ့လာစမ်းသပ်နိုင်စွမ်းအား ကြီးသည့် တိုးတက်ရန်အလားအလာရှိသည့် ပါရမီရှင်တစ်ယောက်နှင့်ပင်တူသည်။ ပို၍ဆိုးသည်မှာ ထိုပါရမီရှင်က ကိုယ့်ကိုယ်ကိုရှာဖွေတွေ့ရှိထားကာစ ဖြစ်စဉ် အတောအတွင်းတွင်သာရှိနေသေးသည်။ သူက အချို့သော သီအိုရီကျကျ လုပ်ဆောင်မှု များနှင့် ရှာဖွေတွေ့ရှိမှုများကိုမူ ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။
ရွှီနင်က ကို့ရို့ကားယားပုံစံမျိုးဖြင့် ထိုင်လိုက်သည်။ သူကလည်း ထိတ်လန့်နေ၏။ သူ၏အနားတွင်လည်း တော်ဝင်သမားတော်နှင့်ငယ်ရွယ်သော အထောက်တော် တစ်ယောက်က သူ၏ဒဏ်ရာများကို ကုစားနိုင်ရန်အတွက် ဆေးလိမ်းပေးနေကြသည်။ ထိုသို့ခမ်းနားသော ဆက်ဆံခံရမှုက ရွှီနင်ကို မသက်မသာဖြစ်လာစေသည်။
ရထားလုံးက အပြင်ဘက်မှကြည့်ချိန်ကတည်းက ကြီးနေပြီးသားဖြစ်သည်။ သို့သော် သူက အတွင်းသို့ဝင်လိုက်သောအခါ ထင်ရသည်ထက် ပို၍ကြီးသွားသေး၏။ သူ၏ဘေးနားတွင် လူနှစ်ယောက်ထိုင်နေသည့်တိုင်အောင် ကြပ်မနေခဲ့ချေ။ ကြမ်းပြင်တွင်လည်း နူးညံ့လွန်းပြီး လှပသည့်အရောင်နှင့်အခင်းကို ခင်းထားသည်။ ရွှီနင်အနေဖြင့် ထိုမျှကောင်းမွန်သန့်စင်လွန်းသည့်အရာမျိုးကို ထိပင်မထိဖူးချေ။ သို့သော် ထိုမျှဈေးကြီးသောပစ္စည်းက သူ၏ခြေထောက်ကြောင့် တွန့်ကြေသွားလေသည်။
ရွှီနင်က ခေါင်းကိုငုံ့ထားပြီး ကုယွမ့်ပိုင်ကိုမကြည့်ရဲချေ။ သူက ဂနာမငြိမ် ဖြစ်နေသလို စူးရှစွာဖြင့် မျှော်လင့်စောင့်စားနေသေးသည်။ တစ်ဖက်မှ အရွယ်ရောက်ပြီးသော အမျိုးသားက သူ၏လက်ဖြင့်လေးကို ကိုင်ကြည့်နေသောအခါ စတင်ကာစိုးရိမ်လာရ၏။ တစ်ဖက်သူက ထိုကဲ့သို့သောအရာများအပေါ် အထင်သေးမည်လား မသိချေ။
YOU ARE READING
ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်း
Romancetranslation crd cover photo,I took this from pinterest Fake name