၂၀

883 119 3
                                    


အပိုင်း ၂၀

ဗုဒ္ဓက တစ်ချိန်က ပြောခဲ့ဖူးသည်။ အမျိုးသားတစ်ယောက်၏ တောက်လောင်နေသော ရည်မှန်းချက်များကို ရေအေးဖြင့် ငြှိမ်းသတ်၍မရနိုင်ချေ။

ကုယွမ့်ပိုင်ကလည်း ထိုအခြေအနေကိုခံစားမိသည်။ သူက နောက်ဆုံး နှစ်ကာလများမှ ခန်းရှီ၏စိတ်အခြေအနေကိုပင် နားလည်လိုက်သေးသည်။

သူက သေရမည့်အခြေအနေကို သိထားပြီးသားဖြစ်သည်။ သူ  လုပ်ခဲ့သမျှ အရာအားလုံးက သူ့အတွက် အကျိုးမရှိနိုင်ကြောင်း သိထားပြီးသားဖြစ်သည်။ အနာဂါတ်အုပ်ချုပ်သူက သူ၏ဘေးတည့်တည့်တွင် ရှိနေကြောင်းကိုလည်း သိထားပြီးသားဖြစ်သည်။

သို့သော် သူကလည်း သူ၏အာဏာကို မလွှတ်ချင်သေးချေ။ သူကိုယ်တိုင်ကလည်း အနာဂါတ်အုပ်ချုပ်သူကို သတ်ရန်တွန့်ဆုတ်နေသေးသည်။ အကြောင်းမူကား သူက ဝတ္ထု၏အဓိကဇာတ်လိုက်ကို သတ်လိုက်ပါက သူ၏နေရာကို ဆက်ခံယူရန် ပို၍သင့်တော်သောလူ မရှိနိုင်တော့သောကြောင့်ဖြစ်သည်။ ထိုအခြေအနေကြောင့် ကုယွမ့်ပိုင်က ရွှယ်ယွမ်နှင့်ချူဝေ့ကို ရင်ဆိုင်ရသည့်အချိန်တိုင်း မည်သို့ခံစားပေးသင့် ကြောင်း မသိနိုင်ချေ။

သူက ခြေထောက်ဒဏ်ရာရထားကတည်းက ကုယွမ့်ပိုင်အနေဖြင့် အလုပ်သုံးမျိုးကိုသာ ပတ်လုပ်နေရသည်။ သည်နည်းအားဖြင့် သူက ခုံရုံးသို့တက်သည်။ ပြန်အိပ်သည်။ထို့နောက် အုပ်ချုပ်ရေးကိစ္စများကို ကိုင်တွယ်ခြင်းဆိုသည့် ကိစ္စရပ်သုံးမျိုးကိုသာ လုပ်နေရ၏။ သူ၏ခန္ဓာကိုယ်က နူးညံ့လွန်းကတည်းက အသေးစားဒဏ်ရာကတင် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရသည်နှင့်တူသော အနေအထားမျိုးကို ပေးစွမ်းလေသည်။

ကုယွမ့်ပိုင်၏ခြေမျက်စိက တစ်ရက်ပြီးတစ်ရက် ရောင်သထက်ရောင်နေ သေးသည်။ ထိုသို့ဖြင့် သူ၏ခြေထောက်တစ်ဝက်လုံးက နှိပ်နယ်မှုများကြောင့် ပို၍ပင် ရောင်ကိုင်းလာသည်။ သူကလည်း နာကျင်မှုနှင့် ကျင့်သားရပြီးသားဖြစ်နေလေသည်။ တော်ဝင်သမားတော်များကမူ နေ့တိုင်း ဝမ်းနည်းသထက်ဝမ်းနည်းလာသည်။

ဧကရာဇ်၏ဒဏ်ရာက အလွန်ပြင်းထန်လွန်းပုံပေါ်သည်။ သူတို့ နှိပ်ပေးနေချိန်တွင်ပင် ပိုဆိုးအောင်လုပ်နေသည်ဟုပင် ခံစားနေမိသေးသည်။

ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်းWhere stories live. Discover now