2.4K 328 21
                                    

အပိုင်း နှစ် အ၇ှင်မင်းကြီးက ဘောလုံးပွဲ လာကြည့်တယ်

မြို့တော်တွင် တရားဝင်ကျောင်း နှစ်ကျောင်းရှိကာ ကောကျီကျန်းနှင့် ထိုက်ရွှယ်တို့ဖြစ်သည်။ ထိုညတွင် ကောကျီကျန်းမှ သတင်းဟာ ထိုက်ရွှယ်အထိ ပြန့်သွားသည်။ ထိုက်ရွှယ်၏ ကျောင်းအုပ်သည် ဘောလုံးပွဲ၏ တဖက်အသင်းမှ ပါဝင်မည်ဟု တဖက်သတ် အကြောင်းကြားကာ ညတွင်းချင်း စီစဉ်သင့်သည်တို့ကို စီစဉ်သည်။ အထူးသဖြင့် မနက်ဖြန် အင်ပါယာရှေ့ရောက်လျှင် ကောကျီကျန်းနှင့် ပြိုင်ဘက်ကောင်းဖြစ်မည့် အသင်းတို့ကို ရွေးရလေသည်။

မင်းတို့ တစ်ကျောင်းတည်း ပြိုင်နေတော့ ပျော်စရာ ဘယ်ကောင်းမှာလဲ။ ငါတို့ကိုပါ ခေါ်လိုက်စမ်းပါ။ ငါတို့ကျောင်းသားတွေက တအားသန်မာပြီး အ၇ပ်လည်း ရှည်ကြတယ်။သူတို့က ကူကျူကစားသမားကောင်းတွေဖြစ်လိမ့်မယ်။

(ကူကျူ- ရှေးတရုတ် ဘောလုံးကစားနည်းပါ-အသံထွက် မမှန်ပေမယ့် ဒါက ခေါ်လွယ်လို့)

ထိုက်ရွှယ်သည် ကောကျီကျန်းသာ တဖက်သတ် ကောင်းစားနေမည်ကို မကြည့်ချင်လောက်အောင် ခေါင်းမာသည်။

နောက်တစ်နေ့တွင် အင်ပါယာသည် မျှော်လင့်ထားသည့်အတိုင်း ရောက်လာပေသည်။ပွဲတက်ဝတ်စုံဖြင့် ခမ်းနားထည်ဝါသော အင်ပါယာသည် အမိုးပါသော နားနေဆောင်တွင် ထိုင်လေသည်။ ထိုအချိန်တွင် ဆောင်းဦးလေပြေတို့က စတင်တိုက်ခတ်လာကာ အေးစိမ့်လာ၏။ အင်ပါယာ၏ အနားတွင်၇ှိသော တက်ရောက်လာသူတို့အပြင်  ပြည်ထဲရေးဝန်ကြီးနှင့် စစ်တပ်မှ အာဏာ၇ှိသူတို့မှာ အင်ပါယာ အအေးမိမည်ကို စိုးရိမ်နေကြလေသည်။

နားနေဆောင်တွင် ကွင်းပြင်သို့ မျက်နှာမူထားသည့် ဘက်ခြမ်းကသာ မီးလင်းဖိုမ၇ှိပေ။ ကျန်သည့်ဘက်တိုင်းကမူ မီးလင်းဖိုအပြည့် ထည့်ထားကာ အင်ပါယာကို နွေးထွေးစေသည်။ ဘောလုံးပွဲ စသည့်အခါ ကွင်းပြင်၏ ဘက်တိုင်းက သတင်းကြားပြီး လာကြည့်သူတို့နှင့် ပြည့်နေလေသည်။

ထိုသူတို့သည် အချင်းချင်း တွန်းတိုက်ကာဖြင့် အင်ပါယာကို သေးငယ်သည့် အစိတ်အပိုင်းလေးဖြစ်စေ မြင်ခွင့်ရရန် ကြိုးစားကြသည်။

ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်းWhere stories live. Discover now