အပိုင်း ၃၄
ကိစ္စများက တည်ငြိမ်သွားပြီးနောက် အဆင့်မြင့်ရာထူးကြီးအရာရှိများနှင့် အင်ပါယာမြို့တော်အတွင်းမှ အင်အားကြီး ပုဂ္ဂိုလ်များက အိမ်တံခါးပိတ်လျက် နေထိုင်နေကြသည်။ သူတို့က ပုံမှန်မဟုတ်လောက်အောင် ကောင်းမွန်စွာ နေထိုင်ပြုမူ နေကြလေသည်။ထိုအချိန်တွင် သာမန်ပြည်သူများအတွက်ကမူ သက်ရောက်မှုမရှိချေ။ မည်သို့ပင်ဆိုစေ အင်ပါယာဆွေတော်မျိုးတော်များနှင့် အထက်တန်းလွှာများက သာမန်လူများနေထိုင်သောဝန်းကျင်နှင့် အလွန်ဝေးသောနေရာတွင် နေထိုင်ကြလေ သည်။ ကုယွမ့်ပိုင်ကလည်း ဝရုန်းသုန်းကားမဖြစ်အောင် သတိထားခဲ့၏။ သူက အပြုအမူများကို ကောင်းကောင်းထိန်းချုပ်ခိုင်းခဲ့သည်။ အများအားဖြင့် အင်အားကြီးသောလူများပြည့်နေသောလမ်းအချို့နှင့် ထိုလူများနှင့်ရင်းနှီးသော အရာရှိများ၊ သတင်းပို့သူများအားလုံးကို ခြောက်လှန့်ရန်သာ ရည်ရွယ်ခဲ့လေသည်။
ဉာဏ်ကောင်းသောလူများကလည်း သည်အခြေအနေက ပွဲကြီးတစ်ပွဲကြည့်ရှု နေရခြင်းဖြစ်သလို နမူနာပြသတိပေးနေခြင်းဖြစ်ကြောင်းကိုလည်း နားလည်ကြလေ သည်။
ဧကရာဇ်ကလည်း ဘာဖြစ်နေမှန်း သေချာပေါက်သိခဲ့လောက်သည်။ သူက အင်ပါယာစစ်တပ်ကို သည်အခွင့်အရေးကိုအရယူပြီး နောက်ကွယ်မှလူများထံ ပတ်သွားစေလျက် အခြားသောလူများကို နားလည်အောင်ပြောလိုက်ခြင်းဖြစ်သည်။
“ကျန်းက မင်းတို့ရဲ့သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်စွမ်းရည်ရှိတယ်၊ ကျန်းကို ရန်စဖို့မကြိုးစားနဲ့၊ မင်းတို့လုပ်သင့်တာက နာနာခံခံနဲ့ကျန်းရဲ့အမိန့်ကိုနာခံဖို့ပဲ”
သည်ဧကရာဇ်သည် ယခင်ဧကရာဇ်နှင့်ခြားနားသည်။ သူက ပြောသည်။ ထိုအတိုင်းလည်းလုပ်၏။ ကြီးမားသော စစ်ပွဲကြီးကိုလည်း ဖန်တီးနိုင်သည်။ အထက်တန်းလွှာများ၏အမြင်တွင် ထိုဖြစ်ရပ်က ကျောစိမ့်ဖွယ်ဖြစ်သည်။ သို့သော် သူ၏ပရိတ်သတ်ကောင်လေးများအတွက်ကမူ ဧကရာဇ်က လုပ်ရဲကိုင်ရဲပြီး ရဲရင့်ပြတ်သားသောသူဖြစ်သွားသည်။
YOU ARE READING
ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်း
Romancetranslation crd cover photo,I took this from pinterest Fake name