Chapter(1)

8.6K 423 5
                                    

[Unicode]

“မစ္စတာရှ  ဒါတွေကစာချုပ်မှာ ပြင်ဆင်ထားတာ အကုန်ပါပဲ..မစ္စတာစုက မင်းကိုပြလိုက်ဖို့ ကျွန်တော့်ကို ညွှန်ကြားထားပါတယ်..တကယ်လို့ ပြဿနာမရှိဘူးဆိုရင် လက်မှတ်ထိုးလို့ရပါပြီ”


အတွင်းရေးမှူးလုရဲ့လက်ကောက်ဝတ်ပေါ်မှာရှိတဲ့ သလင်းကျောက်နာရီက နေ့လည်သုံးနာရီကို ညွှန်ပြနေတယ်။သုံးနာရီခွဲမှာ နောက်ထပ်အစည်းအဝေးတစ်ခု လုပ်ဖို့ရှိနေတယ်။သူ့မှာ တကယ်ကို အချိန်မရှိတော့ပေမယ့် မျက်နှာ​ပေါ်မှာတော့ စိတ်မရှည်တဲ့အမူအရာ သေးသေးလေးကိုတောင် မပြထားဘူး။သည်းခံနားလည်နိုင်စွမ်းက သူ့ရဲ့စွမ်းရည်တစ်ခုပဲလေ။
     ရှထင်းဝမ်က ဘောပင်ကို လက်ထဲမှာ အတော်ကြာ လှည့်ကစားနေပြီး ဘေးကိုပစ်ချလိုက်တယ်။သူ့ရဲ့ပုံစံက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိနေတဲ့ ကြောင်ရိုင်းလေးနဲ့တူနေတယ်။တော်တော်ကြာတဲ့အထိ    မှန်ပြတင်းပေါက်အရှည်ကြီးရဲ့အပြင်ဘက်က နှင်းဆီပန်းခင်းကိုပဲ ကျောက်ချထားသလို ကြည့်နေခဲ့တယ်။
       သူကခေါင်းငုံ့ပြီး လက်သည်းကိုက်လိုက်ပေမယ့် အရှေ့မှာချထားတဲ့ စာရွက်စာတမ်း အထပ်လိုက်ကြီးကိုတော့ တစ်စက်လေးတောင် မဖွင့်ကြည့်သေးဘူး။
      သူက ခေါင်းစောင်းလိုက်ပြီး ဘယ်ဘက်​​ခြမ်းမျက်နှာလေးကို ဖော်ပြထားတယ်။နေ့လည်ခင်းရဲ့ နေရောင်က ဖြူအိနေတဲ့ အသားအရည်ပေါ်မှာ တောက်ပနေပြီး မျက်နှာပေါ်ဝဲကျနေတဲ့ ဆံနွယ်ပျော့ပျော့​လေးတွေကို ရွှေရောင်ဖျော့ဖျော့ အလွှာနဲ့ အနားကွပ်ပေးထားတယ်။ယောကျ်ားတစ်ယောက်ရဲ့ အမြင်ကနေကြည့်ရင်တောင် ရှထင်းဝမ်ရဲ့ အလှက အတော်လေး အသက်ရှူမှား​လောက်စရာပဲ။
       စုယန်က ရှထင်းဝမ်ကို လိုက်တုန်းက ရည်းစားစာ အများကြီး ရေး​ပေးခဲ့ဖူးတယ်။အဲ့ထဲက တစ်စောင်က မီဒီယာရဲ့ဖော်ထုတ်တာခံလိုက်ရတယ်။“မင်းလေးက သစ်ကိုင်းပေါ်က ချိုမြိန်ပြီး အရည်ရွှမ်းတဲ့ မက်မွန်သီးလေးပဲ” ဆိုတဲ့ စာသားကို လူတွေ အတော်ကြာတဲ့ အထိ သတင်းလုပ်ပြောလို့မပြီးတော့ဘူး။
         သြဇာကြီးတဲ့ သူဋ္ဌေးတွေက အချစ်ကဗျာတွေ ရေးတဲ့နေရာမှာ ညံ့တာမို့လို့ စုယန်က သူ့စိတ်ထဲရှိတဲ့အတိုင်း ဘွင်းဘွင်းရှင်းရှင်းနဲ့ ရည်းစားစာရေးတတ်တာ အံ့သြစရာတော့မရှိဘူး။
         လူတွေက အဲ့အကြောင်းကို ရယ်စရာလို့မြင်ကြပြီး အစပြန်ပြန်ဖော်ကာ လှောင်ရယ်ကြတယ်။သူတို့က စုယန်ကိုပဲ ဟာသလုပ်ရဲကြပေမယ့် ရှထင်းဝမ်ကိုတော့ မထိရဲကြဘူး။
       အဲ့တုန်းက အားလုံးရဲ့မျက်လုံးထဲမှာ ရှထင်းဝမ်က ငြင်းရက်စရာမရှိအောင် ပြည့်စုံပြီး ချီးကျူးဂုဏ်ပြုမှုတွေခံနေရတဲ့ အလှလေးတစ်ယောက်လေ။
     ဒါပေမယ့် အဲ့ဒါတွေအကုန်လုံးက အတိတ်မှာ ကျန်ခဲ့ပြီ။

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now