Chapter(7.1)

1.3K 153 2
                                    

  ရှထင်းဝမ်က သူ့ကိုယ်သူ နိုးနေတာသိ​ပေမယ့် မျက်လုံးမဖွင့်ချင်သေးဘူး။​သူ့ခန္ဓာကိုယ်ကို စောင်ပျော့လေးနဲ့ရစ်ပတ်ထားတာက အိပ်မက်ထဲကလို စုယန်ရဲ့ပွေ့ဖက်ခံ​နေရတာနဲ့ တူတယ်လို့ ခံစားမိတယ်။

  သူက အိပ်မက်ထဲက​နေထွက်​ပြီး အေးစက်တဲ့ ပစ္စုပ္ပန်ဆီကို ​ပြန်လာဖို့ တွန့်ဆုတ်​နေမိတယ်။အိမ်မက်​​လို အမှတ်တရ​တွေထဲမှာပဲ ဆယ်မိနစ်ဖြစ်ဖြစ် သုံးမိနစ်ပဲဖြစ်ဖြစ် ပုန်းထားနိုင်ရင် ပိုကောင်းပါရဲ့။ 

  ရှထင်းဝမ်က အိပ်ရာထဲမှာ​နေရင်း သက်​​ပြင်းရှိုက်လိုက်တယ်။နှိုးစက်​နောက်တစ်ခါ မြည်လာတာကို စောင့်​ပြီးမှ ပင်ပန်းစွာ ထထိုင်လိုက်တယ်။

  ဒီ​နေ့ သူကျောက်နန်ရှုနဲ့ ကိုယ်ပိုင်​ငွေကြေးကိစ္စကို စပြီး ဖြေရှင်းရမယ်။

  ​သေချာ​ပေါက်ကို ဒီလိုကိစ္စမျိုးက အရင်ကတည်းက စလုပ်ခဲ့သင့်တာဆို​ပေမယ့် ရှထင်းဝမ်က စိတ်နဲ့လူနဲ့မကပ်နေတာကြောင့်ရယ် ကျောက်နန်ရှုကလည်း သူ့ကို ဒုက္ခမပေးချင်တာကြောင့်ရယ် ကြာနေခဲ့တာ။ဒါ​ပေမဲ့ယင်းနင်ရဲ့အကြောင်းသိသွားပြီးတော့ သူကိုယ်တိုင် စောင့်​ရှောက်ဖို့နဲ့ ကိစ္စအများကြီးကိုဂရုစိုက်ဖို့ ရှိနေတာကြောင့်  သူချက်ချင်းပဲစလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

  ဒါပေမဲ့ သေ​သေချာချာ စိစစ်​ကြည့်တဲ့အခါမှ သူ့ရဲ့ ဝင်​ငွေက ဘယ်လောက်​တောင် အခြေအနေဆိုးနေလဲ ဆိုတာ ပထမဆုံး သဘော​ပေါက်သွား​တော့တယ်။သူအ​ဖြစ်က တစ်ချိန်ကထိပ်ဆုံးစတားတစ်ယောက်​​ဖြစ်ခဲ့ဖူးတယ်လို့ပြောရင်တောင် ယုံကြမှာ မဟုတ်တော့ဘူး။

  သူစုယန်ကို လက်ထပ်ခဲ့ရတာက ပ​ထွေးရဲ့ကုမ္ပဏီ​ကြီး အဓိက ​ငွေလည်ပတ်မှုက ပျက်စီးသွားခဲ့တာ​ကြောင့်ဖြစ်တယ်။အလုပ်သမားတွေကို လစာမပေးနိုင်ရုံတင်မကပဲ ဘဏ်မှာလည်း အကြွေးတွေ အများကြီးတင်ထားသလို အပြင်မှာ အတိုး​ချေးယူထားတာတွေလည်း ရှိခဲ့တယ်။

အဲ့အချိန် ရှထင်းဝမ်က Cannes မှာဆုရခဲ့တဲ့ သရုပ်ဆောင်အ​​ဖြစ် ​ကျော်ကြားခဲ့ပေမယ့် သူရိုက်ခဲ့တာက စာပေရုပ်ရှင်(စာအုပ်ကနေရိုက်ထား) တစ်ခုသာဖြစ်ပြီး စီးပွားဖြစ်ရုပ်ရှင်မဟုတ်ခဲ့ဘူး။ရိုက်ကူးဖို့ စာချုပ်ချုပ်ခဲ့တဲ့အခါ  သူက မျက်နှာသစ်လေးပဲ ရှိသေးတာကြောင့် သူ့ရဲ့ကျော်ကြားမှုက သူ့ရဲ့အကျိုးခံစားခွင့်နဲ့ တိုက်ရိုက် အချိုးမကျခဲ့ဘူး။သူ့လက်ထဲမှာ ကြီးကြီးမားမားရှိတာဆိုလို့ အာရှ-ပစိဖိတ်​​ဒေသ​အခြေစိုက် ဥရောပ ဇိမ်ခံbrandတစ်ခုရဲ့ ထောက်ပံ့မှုရတာပဲ ဖြစ်ပြီး နောက်ထပ်ရုပ်ရှင်တွေဆီက အခုထိ ရွေးချယ်ခံရမှု မရှိခဲ့ဘူး။ 

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationNơi câu chuyện tồn tại. Hãy khám phá bây giờ