Chapter(2.1)

3.3K 294 0
                                    

[Unicode]

"အနီရောင်သေးသေးလေးက အားထုတ်မှုပေါ် မူတည်ပြီး အနီရောင်ကြီးကြီးကတော့ ကံတရားပေါ်မူတည်ပါတယ်"

အဲ့စကားက ရှထင်းဝမ်ရဲ့ဘဝကို ပြောပြနေသလိုပဲ။အနုပညာအသိုင်းအဝိုင်းထဲမှာ သူ့ရဲ့သမိုင်းတွင်လောက်စရာ အောင်မြင်မှုတွေကို အမှီလိုက်နိုင်တဲ့ မင်းသားတစ်ယောက်မှ မရှိသေးဘူး။

ဒါရိုက်တာ၊ထုတ်လုပ်သူနဲ့ လက်ထောက်တွေက စားပွဲတစ်ခုမှာ ဝိုင်းထိုင်နေတယ်။ပိန်ကပ်နေတဲ့ ခွေးလေးတစ်ကောင်က စားပွဲရှေ့နေရာလွတ်မှာ ခွေခွေလေး လှဲနေတယ်။

"မင်းက ဆယ့်ခြောက်နှစ်ပဲရှိသေးတယ်၊အမေက အိမ်ကထွက်ပြေးသွားပြီး အဖေက အရက်စွဲနေတဲ့လူတစ်ယောက်၊မင်းကိုလည်း မကြာခဏ လက်သီးနဲ့ထိုးတယ် ကန်တယ်၊မင်းမှာ အဖော်ဆိုလို့ ခွေးပိန်တစ်ကောင်ပဲရှိတော့တယ်၊မြင်ယောင်ကြည့်စမ်း၊သေလောက်အောင် အရိုက်ခံရပြီးတဲ့အချိန် ခွေးတစ်ကောင်ပဲ မင်းနားမှာ ရှိနေတယ်၊မင်းဘယ်လိုဆက်လုပ်မှာလဲ၊အဲ့ပုံစံကို သရုပ်ဆောင်ပြ"

ဒါကတော့ ဒါရိုက်တာရှုကျဲ ပေးတဲ့ ခေါင်းစဥ်ဖြစ်တယ်။
ရှင်းလဲ့က ခဏလောက် စဥ်းစားလိုက်ပြီး ချက်ချင်းသရုပ်ဆောင်လိုက်တယ်။ဒဏ်ရာရလို့ နာကျင်နေတဲ့ဟန်နဲ့ လမ်းလျှောက်လာ​ပြီး ခွေးလေးကိုကောက်ပွေ့လိုက်တယ်။ပြီးတော့ ဒါရိုက်တာရှုကျဲဘက်ကို သနားစရာ​ကောင်းတဲ့ပုံစံနဲ့ လှည့်​ကြည့်လိုက်တယ်။

"လောကကြီးမှာ ငါ့အတွက်မင်းပဲရှိတယ်။ဘောလုံးလေး..."သူက စကားပြောနေတဲ့အချိန်မှာ နှုတ်ခမ်းတွေကို ဆို့နင့်သလို တုန်ယင်နေဖို့လည်း မမေ့ခဲ့ဘူး။ကိုယ်အနေအထားကစလို့ အမူအရာတွေအဆုံးသရုပ်​ဆောင်ဖို့​အကုန်ကွက်တိဖြစ်နေတယ်။ဟာကွက်မရှိလောက်အောင်ပဲ။

ရှုကျဲက မျက်လုံးကို တစ်ချက်မှေးလိုက်ပြီး ရုတ်တရက် အလောတကြီးနဲ့ စကားဖြတ်ပြောလာတယ်။

"သူ့ သရုပ်ဆောင်ချက်ကို မင်း ဘယ်လိုထင်လဲ"

သူကပြောရင်းနဲ့ အရိပ်ထဲမှာ ရပ်နေတဲ့ ရှထင်းဝမ်ကို လှည့်ကြည့်တယ်။စီးကရက်လက်ကြားထဲ ညှပ်ထားလက်စနဲ့ရှထင်းဝမ်က ပြန်မဖြေခင် ခဏလောက်တွန့်သွားတယ်။

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now