Chapter(11.2)

1.4K 163 19
                                    


  [Unicode ]

 စကားပြောသံတို့က ရပ်တန့်သွားပြီး မျက်လုံးတွေရဲ့ အကြည့်​များစွာက ရောက်ရှိလာကြတယ်။ 
  

  ကျိုးယန်နဲ့ ဂျေဒင်က သူ့နောက်မှာ ရပ်ကြည့်နေရင်း အသက်ရှူဖို့ မေ့​နေကြတယ်။

  

  ရှုကျဲက ရှထင်ဝမ်ကို ကိုယ့်ကိုယ် ဂုဏ်ယူဝင့်ကြွားတတ်ဖို့ အမြဲပြောခဲ့တယ်။
  

  တကယ်လို့ ကိုယ့်အလှတရားကို ဂုဏ်မယူတတ်ရင်  confidence က အလိုအလျောက်ပဲ သုံးပုံတစ်ပုံလောက် ​​လျော့နည်းသွားမှာ ဖြစ်တယ်။

  

  ရှထင်ဝမ်က အ​မြဲ အဲ့ဒီလိုပဲ နေခဲ့တယ်။​​

  

 လွန်ခဲ့တဲ့ ငါးနှစ် သူ စုယန်ကို နှုတ်ဆက်ဖို့ အမှောင်ထဲမှာ ဘေးတစောင်း အပြုံးနုနုမျက်နှာလေးနဲ့ ရပ်နေတုန်း သူ့ရဲ့ ဆွဲဆောင်မှုတွေကို  သတိမထားမိပဲ အစွမ်းကုန် ဖူးပွင့်နေစေခဲ့တယ်။ 

  စူးယန် သူ့ကို ကြည့်တဲ့အကြည့်တွေထဲမှာ ရင့်ကျက်ပြီးသား ယောကျ်ားတစ်ယောက်ရဲ့ ကူကယ်ရာမဲ့ စွဲလမ်းမှုတွေက ဖုံးကွယ်လို့ မရဘဲ  ​ပျော်ဝင်နေခဲ့တယ်။

  

   သူ့ရဲ့အဲ့အချိန်တုန်းက မာနထောင်လွှားနေပုံလေးကို စူးယန် ချစ်မိသွားတာမှန်း သူသိနေခဲ့တယ်။
  

  ​နောက်တစ်​နေ့ကျ​တော့ စူးယန်က သူ့ဆီ ကဗျာရေးပို့လာတယ်။

  

  "အိပ်မက်ထဲမှာ လမ်းလျှောက်နေရသလိုပဲ ကိုယ်မင်းနဲ့ တွေ့ဆုံခဲ့မိတယ်။

  

  ညတာက ကိုယ့်ကို နာကျင်စေတယ်။ချိုမြိန်မှုလည်း ပေးသလို ဝမ်းလည်းနည်းစေတယ်။

  

  မင်းမရှိပဲ ကိုယ်နိုးထလာတဲ့အခါ တိတ်တဆိတ်နဲ့ပဲ တဖန်​ပြန်​လည် ဟာတာတာ ဖြစ်သွားပြန်တယ်။  "

  သူက ဂုဏ်ယူစွာပဲ ကဗျာလေးကို ကောင်းကောင်းမွန်မွန် သိမ်းထားခဲ့တယ်။

  ဒါပေမဲ့ ကွာရှင်းပြီး ရက်တွေ​ကြာ​တော့ အဲ့ဒါကို သူသိပ်မ​​တွေးဖြစ်ခဲ့ဘူး။

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationDonde viven las historias. Descúbrelo ahora