Chapter(14.2)

6.2K 293 31
                                    


ရှထင်ဝမ်က ခရီးဆောင်အိတ်ကို ဆွဲပြီး သူ့နာမည်ကဒ်ကို ပြတင်းပေါက်ကနေ မြင်မှ ကော်ရစ်ဒါ အဆုံးနားက အိပ်ခန်းဆီ လျှောက်သွားလိုက်တယ်။ ဒီအိပ်ခန်းရဲ့ လသာ​ဆောင်က အ​ပြင်က​ရေကူးကန်နဲ့ တိုက်ရိုက်ဆက်ထားတယ်။ဆည်းဆာရဲ့ လက်ကျန်​​နေ​ရောင်​ခြည်​ဖျော့ဖျော့လေးက အပြာနုရောင်မှန်ချပ်တွေပေါ်မှာ တဖျတ်ဖျတ် တောက်ပနေကြတယ်။အရမ်းကို လှပတဲ့ မြင်ကွင်းပဲ။

  သူက တစ်ဖက်ခြမ်းက ကုတင်ဆီမမေ့မလျော့သွားပြီး နာမည်ကဒ်ကို ကြည့်လိုက်တော့ ကျီကျန့်ရဲ့ နာမည်ကို တွေ့လိုက်ရတယ်။သူ အံ့အားသင့်သွားမိတယ်။

  

  ပရိုဂရမ်အဖွဲ့က သူနဲ့ရှင်း​လော့ကို တစ်ခန်းတည်းထားမယ်လို့ သူထင်ခဲ့တာ။
  

  ဓာတ်ပုံဆရာက သူ့ရဲ့အမူအရာ​တွေ ရိုက်ကူးဖို့ နောက်က​နေ တောက်​လျှောက်လိုက်လာတယ်။ရှထင်ဝမ်က ကင်မရာဘက်ကို လှည့်လိုက်တယ်။reality show နဲ့ပတ်သက်ရင် သူ့မှာ အတွေ့အကြုံနည်းတာကြောင့် သူ့ရဲ့ တုံ့ပြန်မှုက ဘယ်လိုဖြစ်နေမလဲ များများမတွေးတော့ပဲ ရိုးရိုးသားသား ပြောလိုက်တယ်။

"ကျွန်​တော်ဖြင့် မယုံနိုင်သေးဘူး။ဒါက ကျီကျန့်ပဲ။သူ့ကို ကျွန်တော် ပထမဆုံးတွေ့ဖူးတာပဲ "

  

  "သူ့ရဲ့ အကျင့်က ဘယ်လိုလဲ ကျွန်တော်သိပ်တော့မသိဘူး။ဒါပေမဲ့ ပေါင်းလို့ကောင်းမယ့်လူ ဖြစ်မှာပါ "

ရှထင်ဝမ်က မနေနိုင်ပဲ ခပ်ဖွဖွရယ်လိုက်မိပြီး ထပ်ပြောလိုက်တယ်။

"သူက တော်တော်လေး မိုက်တယ်လို့တော့ ကျွန်တော်ထင်တယ်။ "

  

  --.
  "လမ်းမပေါ်မှာ"ရဲ့ ဒါရိုက်တာကျောက်က အတော်လေး သဘောကောင်းတဲ့ပုံပေါ်တယ်။

  

  သူ တခြားMC တွေနဲ့ ထိုင်လိုက်တဲ့အချိန်မှာပဲ ရှိုးက အနုပညာရှင်တွေရဲ့ ပိုပြီးစစ်မှန်တဲ့ ပုံစံကိုပဲ အလေးထားတယ်ဆိုတာကို ထပ်ပြီး သဘောပေါက်သွားတယ်။သူတို့က ဇာတ်ညွှန်းတွေ အတင်းထိုးမပေးပဲ MC တွေကို ပုံမှန်ဘဝအတိုင်း အေးအေးဆေးဆေး ပါဝင်လို့ရအောင် ခွင့်ပြုထားတယ်။ဒါပေမဲ့ သွားဖို့ခရီး​ရွေးရမယ့် အစီအစဥ်မှာတော့ လုံခြုံရေးနဲ့ အုပ်ချုပ်​ရေးပိုင်းဆိုင်ရာခွင့်ပြုချက်တွေ လိုအပ်တာကြောင့် ခရီးစဥ်နဲ့ ပ​တ်သက်ပြီး ကန့်သတ်ထားတဲ့ စာရင်းကို ထုတ်ပေးတယ်။
  

You've reached the end of published parts.

⏰ Last updated: Dec 08, 2021 ⏰

Add this story to your Library to get notified about new parts!

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now