Chapter(11.1)

1.6K 164 7
                                    

  [Unicode]

  အဲ့ဒါက အနည်းနဲ့အများ​ အတော်လေး မုန်းစရာကောင်းတဲ့ အချိုင့်လေးပဲ ဖြစ်တယ်။

  လူတစ်ယောက်ရဲ့ sex အပေါ်အမြင်က ပင်ကိုယ်ဗီဇလား၊ပတ်ဝန်းကျင်ရဲ့ ပြု​ပြင်မှု ကြောင့်လားဆိုလား သူသေချာမသိခဲ့ဘူး။

  ဒါ​ပေမဲ့ နောက်ပိုင်းမှာ​ သူ့ရဲ့ အမြင်က စူးယန်ကြောင့် ပြောင်းလဲခဲ့တာကိုတော့ သေချာသိတယ်။

သူတို့နှစ်ယောက် တွဲတဲ့အဆင့်မှာပဲ ရှိတုန်း စူးယန်က သူ့ကို လက်နဲ့လုပ်​​ပေး​​ပြီး ကူညီပေးခဲ့တယ်။
  
အဲ့အခါမှ ​ကောင်​လေးတစ်​ယောက်ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီနည်းနဲ့ sexကို ခံစားလို့ရမှန်းသိပြီး ဉာဏ်အလင်းပွင့်သွားတော့တယ်။
  
သူက စူးယန်ရဲ့ အပေါ်တက်ခွပြီး သူ့ကို မမြင်ရအောင် စူးယန်ရဲ့ မျက်လုံးတွေကို ပိတ်ထားပေးလိုက်တယ်။စူးယန်က သူ့ကို အပေါ်အောက် လှုပ်ရှားဖို့ ကူညီပေးခဲ့တယ်။အမှောင်ထဲမှာ စူးယန်ရဲ့ မေးစေ့​လေးကို ငေးကြည့်ရင်းပဲ သူ့ရဲ့ သာယာမှုတွေက တိမ်ပေါ်ရောက်နေခဲ့တယ်။

  သူ့ရဲ့အမြင်မှာတော့ ဒီယောကျ်ားရဲ့ မေးစေ့က အချိုင့်လေးနဲ့တင် သူ့အတွက် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေ  ဖြစ်လာစေဖို့ လုံလောက်နေပြီဖြစ်တယ်။

ကလပ်ရဲ့ မျက်စိ​နောက်စရာမီးရောင်စုံတဖျတ်ဖျတ်အောက်မှာ အရက်ရဲ့ အကူလေးလည်း ပါ​ပြန်တော့ ကယ်ဗင်လီရဲ့ တိကျပြတ်သားတဲ့ မေးရိုးနဲ့ မျက်နှာကို ကြည့်ရင်း သူ ရှုပ်ထွေးနေခဲ့တယ်။

  သူက ခဏလောက် စိတ်လုံးဝလွတ်သွားခဲ့ပြီး နမ်းနေတဲ့လူက ကယ်ဗင်လီမှန်းသိနေတာတောင် နှလုံးသားထဲက  စူးယန်လို့ပဲ ရူးရူးမိုက်မိုက် ထပ်​ပြီးထင်ခဲ့မိတယ်။

  
နောက်ပိုင်း အမူးပြေတဲ့ အခါကျတော့ စူးယန်ကို အဲ့အကြောင်း မပြောရဲခဲ့ဘူး။

  မူရင်းလူအစစ်က အိမ်မှာရှိနေရဲ့သားနဲ့ သူက အတုအယောင်တစ်ယောက်ကို နမ်းခဲ့မိတယ်။သူ့ရဲ့ အသက်ရှင်လိုတဲ့ ဆန္ဒလေးကြောင့် မရှင်းပြတာပိုကောင်းမယ်လို့ သဘောပေါက်ခဲ့တယ်။

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now