Chapter(6.2)

1.5K 180 17
                                    

ရှထင်းဝမ် မှတ်မိတာက သူတစ်​လျှောက်လုံး စိတ်အရမ်းလှုပ်ရှားနေခဲ့တယ်ဆိုတာပဲ။

  သူ အဲ့နှစ်မှာ နှစ်ဆယ်ပြည့်ခဲ့​ပေမယ့် ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီး မထိတွေ့ဖူး​သေးဘူး။
"ကျွန်​တော် ခင်ဗျားနဲ့ လုပ်ချင်တယ် "လို့ သူပြောလိုက်တဲ့အခါ အတိုင်းအတာတစ်ခုထိ အရွယ်ရောက်လာ​ပြီလို့လည်း သတိထားမိခဲ့တယ်။

  သူတို့က စုယန်ရဲ့ Maybach ကားကြီး ထဲ မပြေးရုံတမယ် ဝင်သွားခဲ့တယ်။စုယန်က ဒရိုင်ဘာကို ပြောလိုက်တယ်။

“ဝမ်းဟွား ကို သွားမယ်။မြန်မြန် ”

  သူက နောက်ထိုင်ခုံပေါ် လဲကျသွားပြီး ရယ်ချင်တာကို မထိန်းနိုင်ဘူး။ဘာလို့လဲဆို​တော့ စုယန်က ရှားရှားပါးပါး စိတ်အားထက်သန်​ပြီး ပြောနေလို့ဖြစ်တယ်။

  သူတို့နှစ်​​ယောက်က ဟိုတယ်လော်ဘီနဲ့ ဓာတ်လှေကားမှာ ပုံမှန်လိုသရုပ်​ဆောင်​နေကြပေမယ့် စုယန်ရဲ့အခန်းကျယ်ကြီးထဲရောက်တဲ့အခါတော့ မထိန်းချုပ်နိုင်ကြတော့ဘူး။

  သူက စုယန်ကို နံရံမှာကပ်ပြီးတွန်းဖို့ မစောင့်နိုင်တော့ဘူး။သူက အားအရမ်းသုံးနေပေမယ့် သူ့အရပ်​​ကြောင့်စုယန်ကို မှီဖို့ ခေါင်း​မော့​နေရ​သေးတယ်။

  စုယန်က ဒီတစ်ခါတော့ သူ့ကို တွန်းခွင့်မပေး​တော့ဘူး။အဲ့အစား အနားကပ်ချင်ပေမယ့် ခြေ​ထောက်မနိုင်​​သေးတဲ့ပါပီ​လေးကို သင်ပေး​နေသလို သူ့​မေး​စေ့ကို ဆွဲဆိ​တ်​လိုက်တယ်။စုယန့်ရဲ့မျက်လုံးတွေ ကြောက်စရာကောင်းနေတယ်။

“ကိုယ့်ကို ထပ်မကိုက်နဲ့​နော်။လူသစ်​လေး​”

  သူက ရုတ်တရက် ဒေါသထွက်လာပြီး အဲ့နာမည်ကြောင့်ရှက်သွားတယ်။

  စုယန်က သူ့ခါးကို ဆွဲပြီး အိပ်ရာပေါ်ပစ်တင်လိုက်တယ်။သူ့ဘောင်းဘီအိတ်ထဲက သတ္တုဆေးလိပ်ဘူးနဲ့မီးခြစ်က ​ကြမ်း​ပြင်ပေါ်ကျသွားတယ်။  

စုယန်က ကြည့်ပြီး ဆေးလိပ်ဘူးထဲက Marlboro တစ်လိပ် ထုတ်ယူလိုက်တယ်။ခေါင်းငုံ့ကာ မီးညှိပြီး နှုတ်ခမ်း​ပေါ် တင်လိုက်တယ်။

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now