Chapter(5.2)

1.4K 169 3
                                    

ရှထင်းဝမ်က အသားညှပ်ပေါင်မုန့်ကို မစားပဲ ကိုင်ထားတယ်။ဝမ်းဇီချန်းရဲ့ နာမည်ကိုကြားတာနဲ့ သူ့နေရခက်လာတယ်။သူက ပေါင်မုန့်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး စကားဆက်မပြောတော့ဘူး။

  ရှထင်းဝမ်က ကုသမှုတွေလုပ်ဖို့ အကြိမ်ပေါင်းများစွာ လာဖူးတယ်။လေဆာမပစ်ခင် ဆရာဝန်က သူ့မျက်နှာပေါ် ခရင်အေးအေးကြီးကို လိမ်းပေးတယ်။သူ လဲအိပ်လိုက်တဲ့အခါ
မျက်နှာကနေ ဦးနှောက်ထိပါ ထုံ​သွားတယ်လို့ ခံစားလိုက်ရတယ်။


  လေဆာစက်ကို မလိုက်တဲ့အချိန် သူမျက်လုံးပိတ်ထားမိတယ်။ပြီးတော့ စုယန်ရဲ့ ဝမ်းဇီချန်း ခါးကို ထိန်းပေးလိုက်တဲ့အမူအရာနဲ့ ဝမ်းဇီချမ်းရဲ့ ယန်ကော ကျွန်တော် အပေါ်မှာ နင်းနင်းကို သွားအဖော်ပြုပေးဦးမယ်ဆိုတဲ့ စကားကို ပြန်တွေးနေမိတယ်။

  သူဦး​နှောက်ထဲမှာ စကားနှစ်ခွန်းနဲ့ ပြည့်နှက်​နေတယ်။အဲ့ဒီနင်နင် ဆိုတာ ဘယ်သူလဲ သူအရမ်းသိချင်နေတယ်။ပြီးတော့ ဝမ်းဇီချမ်းရဲ့စုယန်ကို ယန်ကောလို့ ခေါ်လိုက်တဲ့ လေသံကို မ​နေနိုင်ဘဲ စဥ်းစားနေမိတယ်။သူ့လေသံထဲမှာ နူးညံ့ပြီး ရဲတင်းမှုတွေ ပါဝင်နေတယ်။
ကုသမှု ပြီးတဲ့အခါ ကျောက်နန်ရှုက ဖုန်းခေါ်လာတာကြောင့် ရှထင်းဝမ်က နားထောင်ရင်း လမ်းလျှောက်လာခဲ့တယ်။

  “ဘာမှစစ်​​​ဆေးစရာ​တောင်မလိုဘူးလို့ ကျွန်တော်ထင်တယ်။သူက ဒီတိုင်း သာမန်ပဲ”

ကျောက်နန်ရှု က ဖုန်းကနေ မရဲတရဲပြောတယ်။

“ ဝမ်းဇီချန်း သူနာပြုမေဂျာနဲ့ဘွဲ့ရ​ပြီး​ အရင်တစ်နှစ်ကပဲ ရန်အိုက်ဆေးရုံ ကလေးအထူးကုဋ္ဌာနမှာ အလုပ်ဝင်ခဲ့တယ်။သိမ်မွေ့တဲ့ သဘောထားရှိပြီး က​​လေး​တွေနဲ့ ထိတွေ့ဆက်ဆံတာမှာ အတော်​​လေး ထူးချွန်တယ်။မိသားစုအခြေအနေက သာမန်ပဲ။ကျန်းမာ​ရေးမ​ကောင်းတဲ့ညီလေးတစ်ယောက်ရှိတယ်။ဘောစိတစ်ယောက်နဲ့ ကြိုက်ခဲ့ပြီး မနှစ်ကမှ ပြတ်သွားခဲ့တယ်။ဒါ ကျွန်တော်သိတာ အကုန်ပဲ။boss ဘာမေးချင်​သေးလဲ။”

ကျောက်နန်ရှုက သူစုံစမ်းခဲ့တာလို့ ​ပြောပေမယ့် ဘာသဲလွန်စကိုမှ ရှထင်းဝမ် မရလိုက်ဘူး။သူက အသိသာကြီးကို ဝမ်းဇီချန်းရဲ့ လက်ရှိအခြေအနေနဲ့ ခံစားချက်တွေကိုပဲ သိချင်နေတာ ဖြစ်တယ်။

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationOnde histórias criam vida. Descubra agora