Chapter(14.1)

1.7K 155 2
                                    


 အသင်းက ရိုက်ကူးရေး မစခင် ရက်အနည်းလောက်အလိုမှာပဲ  ရှင်းလော့ရဲ့ ကျန်းမာရေးအခြေအနေကြောင့်လို့ပြောပြီး ပထမနဲ့ဒုတိယ ခရီး​နေရာကို ပြောင်းလိုက်ကြတယ်။
  

  ဒါ​ပေမဲ့ စီမံ​ရေး၊အဝတ်အစားနဲ့ ကင်မရာအဖွဲ့တွေက ချင်းမိုင်နဲ့ဖူးခက်မှာရောက်နှင့်နေတာ ကြာလှပြီဖြစ်တယ်။TBN က လူတွေလည်း ပြင်ဆင်ရ​အောင် ရောက်ထားပြီဖြစ်လို့ ရုတ်တရက်ထပြောင်းလိုက်ရတာက ဒုက္ခရောက်သွားစေတယ်။ဒါပေမဲ့ အဲ့ဒါက အရေးမကြီးပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် ရှင်းလော့က ​အခုကြီးမားတဲ့ shaoguang entertainment  ရဲ့ ကြယ်တစ်ပွင့်ဖြစ်နေ​ပြီမလို့ သူ့ကို အရေးပေးရမှာပဲဖြစ်တယ်။  

  အ​ခြား MC ​သုံးယောက်ဖြစ်တဲ့ ကျီကျန့်နဲ့ ကုချင်းတို့က နေရာအသီးသီးကနေ ထွက်လာကြပြီဖြစ်တယ်။ရှင်းလော့ကတော့ schedule တွေ ပြည့်နေတာကြောင့် ထိုင်းကို နေ့လည်မတိုင်ခင်အထိ ရောက်သေးမှာ မဟုတ်ဘူး။
  

  ပရိုဂရမ်အသင်းက အနုပညာရှင်တွေနဲ့ လက်ထောက်တွေကို လုံခြုံရေးအရ first classမှာစီးဖို့ ဘိုကင်လုပ်ပေးထားတယ်။ 

  ကယ်လ်ဗင်လီနဲ့ ရှထင်ဝမ်ရဲ့ ခုံက ဆက်နေတယ်။စစချင်း​တော့ ကယ်လ်ဗင်လီက ​ခပ်တန်းတန်း​နေ​နေ​ပြီး ရှထင်ဝမ်ကလည်း ကိုယ့်အတွေးနဲ့ကိုယ်မို့ စကားမပြော​ဖြစ်ကြဘူး။

  ​လေယာဥ်ခရီး တစ်ဝက်ကျိုးလောက် ရောက်တဲ့ အချိန်ကျမှ ကယ်လ်ဗင်လီက Remy Martin တစ်ခွက်မှာလိုက်တယ်။သူက သောက်ပြီးတာနဲ့ သက်တောင့်သက်သာဖြစ်သွားပြီး ရှထင်ဝမ်ကို မေးလာတယ်။

"သောက်ချင်လား"

  
ကယ်လ်ဗင်လီက အရက်သောက်တော်တဲ့လူဖြစ်တယ်။အနောက်တိုင်းသွေးနဲ့ အကျင့်တွေ ရှိနေသေးတာကြောင့် ဝိုင်ပြင်းပြင်းကို ပိုသဘောကျတယ်။

  ရှထင်ဝမ်ရဲ့ မိုက်မဲခဲ့တဲ့ အတိတ်​နေ့ရက်​​​တွေမှာ ကယ်လ်ဗင်လီကို ပါတီတွေ ဘားတွေမှာ ​တွေ့နေကြဖြစ်တယ်။အတူ​သောက်​ဖြစ်တဲ့အခါ ကယ်လ်ဗင်လီက vodka ကို ခွက်ဒါဇင်ချီပြီး မော့​နေချိန် သူကတော့ Long Island Iced Teaကို နှစ်ခွက်လောက်သောက်​ပြီးတာဖြစ်တယ်။

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now