Chapter(4.2)

1.6K 175 5
                                    


ရက်အ​တော်ကြာ​ပြီးတာ​တောင် ရှထင်းဝမ်က စိတ်ပျက်မှုနဲ့နာကျင်မှု​တွေကြားက လုံးဝကို ရုန်းမထွက်နိုင်သေးဘူး။

ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီးသွားပေမယ့် သူ စုယန်နဲ့ မျက်နှာချင်းဆိုင် မဆွေးနွေးခဲ့ရတာကြောင့် ကိစ္စတစ်ခုလုံးက အစစ်အမှန်မဟုတ်ပဲ ထင်​ယောင်ထင်မှား​ဖြစ်နေသလို ခံစားနေရတယ်။

  အဲ့တာက စုယန် သူ့ကို မချစ်​တော့ဘူးလို့သူ့ရှေ့မှာ ကိုယ်တိုင်ပြောခဲ့တဲ့ အခါကျမှ ရှင်းလင်းသွားပြီး နာကျင်ရတော့တယ်။

  သူက အိမ်မှာနေပြီး စုယန်ပေးခဲ့တဲ့ စာတွေကိုပဲဖတ်နေတယ်။တခါတလေကျ တစ်နေ့လုံးကို အဲ့လိုပဲ ကုန်ဆုံးတတ်တယ်။သူက အထီးကျန်တဲ့အခါ စိတ်က အမှတ်မှားလာပြီး ဖုန်းသံ​ကြားရင် သူ့ဖုန်းကို မျှော်လင့်တကြီး ကြည့်တတ်ပေမယ့် တကယ်တမ်းက ဘာမှဖြစ်မလာခဲ့ဘူး။

  ရှထင်းဝမ်က စုယန်ရဲ့wechat accကိုဖျက်ပစ်ဖို့ က စဥ်းစားခဲ့​​ပေမယ့် သူတို့ပြောထားတာတွေကို ဖွင့်ကြည့်မိတဲ့အခါတိုင်း ဖျက်တဲ့ခလုတ်ကို မနှိပ်နိုင်ဘူး ဖြစ်နေတယ်။

  ​နောက်ဆုံးပို့ထားတဲ့စာသားက လွန်ခဲ့တဲ့နှစ်လလောက်က​ ​ဖြစ်​ပြီး စုယန်ရဲ့အမှာစကားတွေ​​ဖြစ်တယ်။

“ထင်းထင်း ကိုယ်အိမ်ပြန်နောက်ကျမယ်။ဆေးသောက်ဖို့ မမေ့နဲ့နော်”

 သူ စာမပြန်ခဲ့ဘူး။

  သူတို့ စ​တွေ့တဲ့နှစ် ကတည်းက စုယန်ရဲ့accပုံဟာ "ဝေလငါး"ရုပ်ရှင်ထဲက ရှောင်ရှရဲ့ နောက်ကျောပုံလေးဖြစ်တယ်။

ရှထင်းဝမ်က စုယန်ဘာလို့ အဲ့ပုံကို အခုထိ ဆက်ထားနေသလဲဆိုတာ မသိဘူး။ဒါပေမယ့် သူမနေနိုင်ပဲ အကြောင်းအရင်းကို တိတ်တိတ်လေး တွေးနေမိတယ်။

 သူ့စိတ်ထဲမှာ​တော့ သိနေ​​ပေမယ့် အခုအချိန်ကျမှ ထင်ကြေး​ပေး​နေတာက ရှက်စရာကောင်းတယ်။

  သူ့မှာ OCD ​​ဖြစ်နေတဲ့ပုံပဲ။စုယန်ရဲ့ခေါင်းထဲမှာ ဘာတွေရှိနေမလဲဆိုတာ နေ့တိုင်းတွေးနေမိတယ်။သူ့ပုံအစား အဲ့နေ့က စုအိမ်တော်မှာ  တွေ့ခဲ့တဲ့ လူငယ်ပုံပြောင်းသွားရင်ဆိုတာ တွေးမိပြီး အဲ့လူငယ်ရဲ့ အပြုအမူ​တွေကို ပြန်စဥ်းစားမိတိုင်း အရမ်း စိတ်ပျက်လာတယ်။

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now