Chapter(4.1)

1.6K 185 6
                                    

Chapter Four

  စုယန်ကရှပ်အဖြူလေးဝတ်ပြီး လှေကားမှာရပ်နေတယ်။ရှထင်းဝမ်က သူ့ကိုမော့ကြည့်လိုက်တယ်။အဲ့လူက သူနဲ့ငါးနှစ်ကြာအတူအိပ်စက်ဖူးသူဖြစ်တယ်။ဒါပေမယ့် အခုတော့ အရမ်းသူစိမ်းဆန်နေတယ်လို့ ခံစားရတာကြောင့် ဘယ်ကနေစကားစရမှန်း မသိနေဘူး။

 “ထိုင်လေ”

 စုယန်က ဆင်းလာတဲ့အချိန် ရှထင်းဝမ်ကို မရှောင်ပဲ လူငယ်လေးရဲ့ခါးကို အသာထိန်း​ပေးလိုက်ပြီး နူးညံ့စွာ ပြောလိုက်တယ်။
“ကိုယ် မစ္စတာရှနဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်”

  “ဟုတ်ကဲ့”

လူငယ်လေးက စုယန်ကို နူးညံ့သိမ်မွေ့တဲ့ မျက်ဝန်းတစ်စုံနဲ့ကြည့်လိုက်တယ်။ပြီးတော့ နာခံစွာပဲ ခေါင်းညိတ်တယ်။

“ယန်ကော ဒါဆို ကျွန်တော် အပေါ်ထပ်မှာ နင်းနင်းကို အဖော်ပြုဖို့သွားလိုက်ဦးမယ်”

  စိတ်ခံစားချက်တွေက ဟန်ဆောင်လို့မရနိုင်ဘူး။ရှထင်းဝမ်က တစ်ချက်ကြည့်လိုက်တာနဲ့ လူငယ်လေးရဲ့ စုယန်အ​ပေါ်ထားတဲ့ ​​​လေးစား​​​မြတ်နိုးမှု​​တွေကို နားလည်လိုက်တယ်။စုယန်ရဲ့ အ​ပြုအမူနဲ့ စကားပြောပုံအရ ဆို စုအိမ်တော်မှာ လူငယ်လေးရဲ့နေရာကို အသိအမှတ်ပြုထားပုံရတယ်။ရှထင်းဝမ်က ရုတ်တရက်လာမိတာ မှားတယ်လို့တောင် ခံစားလိုက်ရတယ်။

  လွန်ခဲ့တဲ့တစ်လတုန်းကတော့ သူကအိမ်ရှင်ဖြစ်ခဲ့ပေမယ့် အခုတော့ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်ဖြစ်နေတယ်။ဒါက အရမ်းကိုရှက်စရာကောင်းတယ်။စုယန်က သူ့ကိုလက်မလွှတ်နိုင်သေးတာမို့ သူပြန်ကြိုးစားရင်ရမယ်လို့ ထင်ခဲ့မိတယ်။

  “ကိစ္စရှိလို့လား”

  စုယန်က ရှထင်းဝမ်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ပြီး မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တယ်။

 သူ့ခန္ဓာကိုယ်က မပြောင်းလဲပဲ ရှထင်းဝမ်ကိုသာမန်ကာလျှံကာကြည့်​ပြီး တည်ငြိမ်စွာပဲ စကားစတယ်။နှလုံးသားထဲက ချစ်ခြင်းအရိပ်အယောင်လေး တစ်ခုတောင် ရောစွက်မနေဘူး။

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now