Chapter(7.2)

1.2K 175 3
                                    

[Zawgyi]
ကျန်းရွှယ့်ချောင်းရဲ့ စုယန်အပေါ် အလွန်အမင်း ဘဝင်​မြင့်​ပြီး မောက်မာတဲ့အမူအရာကြောင့် ရှထင်းဝမ် ရှက်လွန်းလို့ ဦးရေပြားပါ ထုံကျင်လာတယ်။

  စုယန်နဲ့ သူ့ကြားက အတိတ်ငါးနှစ်တာကာလမှာ
စုယန်က သူ့ကို သည်းသည်းလှုပ်ချစ်​​ပေးခဲ့တယ်။ကျန်းရွှယ့်​ချောင်းနဲ့ သူ့ပထွေးကိုလည်း ယဉ်​​ကျေးနှိမ့်ချစွာပဲ ဆက်ဆံပေးခဲ့တယ်။သူတို့က ကွာရှင်းပြီးသားပေမယ့် ကျန်းရွှယ့်​ချောင်းရဲ့စိတ်က ပိုပိုပြီး အဆင်အခြင်မဲ့လာမယ်ဆိုတာ မမျှော်လင့်ထားခဲ့ဘူး။သူမက စုယန်ကို အရင်ကလိုနာခံမှုရှိသေးတဲ့ စုယန်လို့ ထင်နေတုန်းပဲ။

  ရှထင်းဝမ်က နောက်ကျပြီးမှ ဝင်လာတာကြောင့် ကျန်းရွှယ့်ချောင်းက သတိမပြုမိ​​သေးပဲ အသံစူးစူးနဲ့ ပြောတယ်။

 
"မစ္စတာစု..မင်းတို့ ကွာရှင်းတာ ကြာလှ​ပေမယ့် မင်းဘက်က ဘာမှ လုပ်ပေးတာ ငါမကြားရပါလား။လူငယ် ပီသစမ်းပါ။မင်းတစ်ခုခု လုပ်သင့်နေ​ပြီလေ..။အရင်က မင်းပဲ ထင်းထင်းကို လက်ထပ်ချင်ပါတယ်ဆို​ပြီး ငါတို့ကိုပြောခဲ့တုန်းက ..အဲ့လို သဘောမျိုးမဟုတ်ခဲ့ဘူးလား။တကယ်လို့ ထင်းထင်းကို တစ်ဘဝလုံးကောင်းပေးဖို့ မင်းကိုယ်မင်းတောင် ယုံကြည်မှုမရှိမှန်းသိခဲ့ရင် ငါတို့လည်း လွယ်လွယ် သဘောမတူခဲ့ပါဘူး။ဒါ​ပေါ့...မင်း ငါတို့ကို အဲ့တုန်းက ကူညီပေးခဲ့ပေမယ့် ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို မင်း ထင်းထင်းကို ပိုးပန်းချင်ရင် အတူ​နေချင်ရင် စိတ်ရင်းတစ်ချို့လောက်ကတော့ ပြရမှာပဲလေ။မဟုတ်ရင်တောင် သူများသားသမီးကိုလက်ထပ်ရင် တင်တောင်းရတာ ပုံမှန်ပဲ။ ထင်းထင်း...မင်းကို ယူလိုက်ရတဲ့ အချိန်တုန်းက သူက နာမည်ကြီး မင်းသားတစ်​ယောက်ဖြစ်နေတုန်းပဲ။အဲ့ပိုက်ဆံ နည်းနည်းလေး​လောက်ကတော့ စုမိသားစုအတွက် ပြောတောင်မပြောပလောက်ဘူး။ရုပ်ရှင်စတားတစ်ယောက်ကိုရဖို့ အဲ့လောက်တော့ မပေးသင့်ဘူးလား။ဒါပေမဲ့ အခု ငါးနှစ်ပဲရှိ​သေးတာ​တောင်မှ မင်းကထင်းထင်းကိုရော ငါတို့ကိုပါ ဘယ်လို ဆက်ဆံလိုက်တာလဲ"

  
"ဒါပေါ့ မင်းသာ ဖောက်ပြန်ခဲ့မယ်ဆို ငါတို့က သေချာပေါက်ကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။ကုန်ကုန်ပြောရရင်ကွာ..လူတိုင်းက အမှားလုပ်ဖူးကြတာချည်းပဲ..ဒါ​ပေမဲ့ကွာရှင်းလောက်တဲ့အထိကျတော့..."

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now