Chapter(13.1)

1.8K 212 18
                                    


[Unicode]

ညနက်သန်းခေါင် တခြားသူတွေ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာပဲ မိုးကတဖြောက်ဖြောက်ကျလာတယ်။ စူးယန်က ဗလာကျင်းနေတဲ့ နှစ်ယောက်အိပ် အိပ်ရာပေါ်မှာ လူးလွန့်နေရင်း ဘေးပြတင်းပေါက်ကို မိုးစက်တွေ ရိုက်ခတ်ပြီး အောက်ကိုတလိမ့်လိ့မ်စီးကျသွားတာကို ကြည့်​နေတယ်။

ဒီအချိန်ဆို သူ အမြဲတမ်း အအိပ်ဆတ်တယ်။

အိပ်မပျော်တဲ့အခါတွေဆို လဲ​လျောင်းနေပြီး မွှေးရနံ့တောင်ကုန်းရဲ့ ညအချိန်ကို ငေးမောရင်း နေထွက်လာတဲ့အထိပါ ဆက်ကြည့်နေတတ်တယ်။

သူ့လို အသက်အရွယ်မှာ..ပျင်းရိနေတာက  ချောက်ကမ်းပါးစွန်းက​နေ ပြုတ်ကျနေရသလိုပဲ။

နေ့သစ်ကိုကြိုဆိုဖို့  ခွန်အားတွေမရှိဘူး။ နေထွက်ချိန်ကို စောင့်​နေရတဲ့အထိ အိပ်မပျော်နိုင်ဘူး။ နေထွက်ချိန်ကို စောင့်ကြည့်​ပြီးတဲ့အခါလည်း ဘာမှ စောင့်မျှော်စရာ ထပ်မရှိတော့တာကို သိလိုက်ပြန်တော့ နေ့တိုင်းက ပျင်းစရာကောင်း​နေတယ်။

မိုးက မနက်​စော​စောအချိန်ထိ​တောင် ဆက်ရွာ​နေသေး​တယ်။​​နေ​ရောင်​ခြည်က တိမ်​မှိုင်းမှိုင်းတွေရဲ့ ပိတ်ဆို့ခံထားရလို့ ပြူမထွက်လာနိုင်​သေးဘူး။မထင်မရှား နေရောင်ခြည်တစ်စွန်းတစက  တိတ်တဆိတ် စိမ့်ဝင်လာ​ပေမယ့် အိပ်ခန်းတစ်ခုလုံးကို  အလင်းရောင်မပေးနိုင်သေးဘူး။

အခန်းထဲမှာ သူတစ်ယောက်တည်းပဲ။

အခန်းရဲ့မျက်နှာကျက်က မီးခိုးရောင်ဖြစ်ပြီး နံရံအားလုံးကလည်း မီးခိုးရောင်ဖြစ်တယ်။သူက ကုတင်ပေါ်မှာ လဲလျောင်းနေပြီး ခြေလက်​တွေကို ဆန့်တန်းထားပေမယ့် ဘာကိုမှ မထိနိုင်​သေးဘူး။

တိတ်ဆိတ်အထီးကျန်တဲ့ မိုးသံတွေကသာ တ​တောက်​တောက် ကျနေတယ်။

ရွှံ့ညွှန်ထဲက​နေ နွယ်လက်တံတွေ ထိုးထွက်လာပြီး သူ့အပေါ်ကို သရဲတစ်​ကောင်လိုအေးစက်စက်နဲ့ တွယ်တက်လာသလို ခံစားနေရတယ်။

  WeChat ကရုတ်တရက် မြည်လာတယ်။

 စူးယန်က ခြောက်ကပ်ကပ်ဖြစ်နေတဲ့ မျက်နှာကျက်ကို  စက္ကန့်အ​တော်ကြာငေးကြည့်နေခဲ့ပြီးမှ ဖုန်းကို လှမ်းယူလိုက်တယ်။

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now