Chapter(3.1)

2K 223 4
                                    


[Unicode]

တွေ့ဆုံပွဲမှာ ရှထင်းဝမ်က စိတ်ကျဥ်းကျပ်လာပြန်တယ်။U weeklyရဲ့သတင်းထောက်က သူ့ရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ပတ်သက်ပြီးမေးတယ်။အဲ့လူက စစချင်းတော့ ရှောင်ရှရဲ့ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ခဲ့လို့ ချီးကျူးတယ်။ ပြီးတာနဲ့ စကားလမ်းကြောင်းလွှဲပြီး သူကိုယ်တိုင်ကရော အလားတူဖြစ်ရပ်မျိုးကြုံဖူးခဲ့တာလား၊ဒါမှမဟုတ် လက်တွေ့ဘဝမှာ ရှောင်ရှ လိုလူတွေနဲ့တွေ့ဆုံခဲ့ဖူးတာလားဆိုပြီး မေးတော့တယ်။

ရှထင်းဝမ်က သူ့လည်ပင်းကို တစ်ယောက်ယောက်ကို တင်းတင်းကြပ်ကြပ် လာညှစ်နေသလို ခံစားလိုက်ရတယ်။

ကင်မရာမီးရောင်တွေ​အောက်မှာ သုံးလေးစက္ကန့်လောက် ဘာမှမပြောနိုင်ပဲ ​ဆွံ့အနေမိတာက တကယ့်ကိုရှက်စရာကောင်းတယ်။သူ့လက်ဖဝါးတွေ ချွေးပြန်လာတာကို သူသိနေတယ်။ဆေးလိပ်တစ်လိပ်လောက်နဲ့ အရက်တစ်ခွက်လောက် အငမ်းမရ သောက်ချင်စိတ်​ပြင်း​ပြလာတယ်။မျက်လုံးကို ဟိုဟိုဒီဒီလျှောက်ကြည့်လိုက်တဲ့အချိန်မှာ ပထမဆုံးတန်းမှာထိုင်နေတဲ့ စုယန်ကို မြင်သွားတယ်။

စုယန်က လက်ပိုက်ပြီး သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေတယ်။အဲ့လို့ စူးစိုက်နေတဲ့ အကြည့်ကြောင့် ဘာ​ကြောင့်မှန်းမသိ သူစိတ်သက်သာရာ ရသွားတယ်။သူကနောက်ဆုံးတော့ သင့်လျော်တဲ့ အဖြေပြန်ပေးဖို့ ပြင်လိုက်တယ်။

"ကျွန်တော်ကိုယ်တိုင်ကတော့ အဲ့လို ဖြစ်ရပ်မျိုးမကြုံခဲ့ဖူးပါဘူး။ရှောင်ရှ ဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်ဖို့အတွက် ဒါရိုက်တာရှုကျဲကပဲ လမ်းညွှန်မှုတွေ၊ကူညီမှုတွေနဲ့ သင်ပြပေးခဲ့တာပါ"

အနုပညာလောကထဲ ဝင်လာတာနဲ့ သူကရံဖန်ရံခါ စိတ်လွတ်သွားတတ်လို့အမြဲ သတိအနေအထားနဲ့ နေရတယ်။

စတားတစ်ယောက်ဖြစ်လာခြင်းရဲ့ ကျေနပ်စရာအကောင်းဆုံးအချက်က သူ့ကိုလူတွေနှစ်သက်ကြတာပဲ ဖြစ်တယ်။ခုနေပြန်စဥ်းစားရင် ကြောင်တောင်တောင်နိုင်ပေမယ့် အဲ့အချိန်တုန်းက သူတကယ်ကိုအဲ့လိုတွေးခဲ့တာဖြစ်တယ်။

သူက လူတွေရဲ့ သဘောကျတာကို လိုချင်တယ်။ဘာအကျိုး​မျှော်ကိုးမှုမှ မပါပဲ ဒီအတိုင်း သူ့ရဲ့ ကိုယ်ပိုင်ပုံစံအစစ်ကိုဂရုမစိုက်ပဲ ချစ်ပေးမယ့် အချစ်တွေကို သူလိုချင်ခဲ့တယ်။သူက အမြှီးဖြန့်ပြလိုက်တာနဲ့ တောက်ပတဲ့ကာလတွေကို လိုချင်နေတဲ့ ဂုဏ်မောက်တဲ့ဥဒေါင်းဖိုလေးလိုပဲ။

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now