Chapter (13.2)

1.9K 205 15
                                    

[Unicode]

စူးယန်က အသက်ပြင်းပြင်းရှူလိုက်ပြီး အ​နောက်ကိုဆုတ်သွားတယ်။ သူ့ရင်ခွင်ထဲမှာရှိတဲ့ အသေးလေးက   သူ့ကို ဖြားယောင်းနေတာလား ဒါမှမဟုတ် ညှဉ်းပန်းနှိပ်စက်​​နေတာလားဆိုတာ သူ မပြောနိုင်​တော့ဘူး။

 ရှထင်ဝမ်ရဲ့မျက်နှာက  နေဝင်ချိန်တိမ်တိုက်​တွေလို နီမြန်းနေတယ်။ သူက ထိမိလိုက်တဲ့အခါကျမှ ယောက်ျား​နှစ်ယောက်ကြားမှာရှိတဲ့ လိင်စိတ်ကြွဖွယ် လိုချင်မှုတွေဟာကြီးမားပြီး ပြင်းထန်လွန်းတဲ့အကြောင်း ပထမဆုံးအကြိမ် သဘောပေါက်သွားပုံရတယ်။သူ့ရဲ့ ပထမဆုံးအတွေ့အကြုံကို တုံ့ပြန်ပုံက လွှင့်ကျနေတဲ့ စောင်တစ်ထည်ကို ကောက်ကိုင်လိုက်ပြီး သူ့ခြေထောက်​တွေကြားမှာ အုပ်လိုက်တာပဲဖြစ်တယ်။

  စူးယန်က ကြည့်စရာ မလိုပဲနဲ့တောင် ရှထင်ဝမ်က သူ့ကိုယ်ပိုင်တဲသေးသေးလေး ဆောက်ပြီး တိတ်တိတ်​​လေးပုန်းချင်နေတာမှန်း သိနေတယ်။

  ရှထင်ဝမ်ရဲ့ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်လာပြီး သူ့မျက်ဝန်းတွေက  ပိုလို့တောင် ပျာယာခတ်​နေတယ်။သူက ဘေးဘီလျှောက်ပတ်ကြည့်နေပေမယ့် စူးယန်ကို​တော့ မကြည့်ရဲ​သေးဘူး။

  သူက နည်းနည်းချင်း ဆုတ်သွားရင်း တဖြေးဖြေးနဲ့ လူတစ်ကိုယ်လုံး စောင်အောက်ထဲဝင်သွားပြီး စူးယန်ကို လည်ဂုတ်ပိုး ဖြူဖြူ​လေးပဲ ဖော်​ပြထားတယ်။

"စူးယန်"

စောင်ထဲကနေ အသံတိုးတိုးလေး ထွက်လာတယ်။

"ကျွန်တော်ကြောက်တယ်..."

  စူးယန်က အဲ့ဒါကို မကြိုက်ပေမယ့် ဘာမှ မလုပ်နိုင်ဘူး။

 သူက စစချင်း​တော့ ရှထင်ဝမ်ကို နမ်းဖို့ ကုတင်ပေါ် မှီလိုက်တာပဲ။ဒါပေမဲ့ မထိန်းနိုင်ဘဲ သားပေါက်လေးကို ကိုက်ချီထားတဲ့ ကြောင်တစ်ကောင်လို  ဆယ်​ကျော်သက်​လေးရဲ့နုနယ်တဲ့ လည်ဂုတ်ပိုးအသား​လေးကို ကိုက်လိုက်မိတယ်။

  "နာတယ်လို့……"

  ရှထင်ဝမ်က အသံတုန်တုန်နဲ့ အော်လာတယ်။သူက စောင်အောက်မှာ ရုန်းနေပြီး အသံ​ပျော့​ပျော့​လေးထွက်​နေတယ်။သူက အတော်ကြာမှ စောင်ထဲက​နေ ခေါင်းထွက်လာတယ် ။

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now