Chapter(12.1)

1.5K 170 20
                                    


[Unicode]

  ရှထင်ဝမ် ဘန်ထ​လေကားထဲက ထွက်လာတော့ အချိန်အ​တော်ကြာသွားတယ်။

  ​ကျောက်နန်ရှုက သူ့ကို ဘယ်လောက်ပဲ မေး​မေး ခေါင်းခါပြီး ပြော​ပြဖို့ ငြင်းဆန်ခဲ့တယ်။ကားထဲ ဝင်ထိုင်လိုက်တဲ့အချိန် သူ့ကိုယ်ကို ထောင့်နားမှာ ကျုံ့ပြီး တိုးကပ်ထားလိုက်တယ်။

  ​ကျောက်နန်ရှုက အရမ်းစိတ်ပူနေတယ်။သူက ရှထင်ဝမ် ဘာမှ မပြောပြရင်တောင်မှ မျက်နှာဖြူဖြူလေးပေါ်က လက်ဝါးရာကြီးနဲ့ လန့်နေတဲ့ အမူအရာကို ကြည့်လိုက်တာနဲ့ အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းလို့ရနေပြီ။သူက ကားမောင်းနေရင်း မအောင့်နိုင်ပဲ ပြောလာတယ်။

" Boss ဒီတိုင်းနေလို့မရတော့ဘူး။ရဲ့ပင်းဝမ်က ဘာလုပ်ချင်နေတာလဲ။သူသာ boss ကို ဒုက္ခပေးဖို့ ဆုံးဖြတ်ထားပြီဆို ကျွန်တော်တို့ ဘာမှ မလုပ်နိုင်ဘူး။မစ္စတာစူးဆီ သွားကြမလား။သူက boss ကို ပစ်ထားလောက်တဲ့အထိတော့ မရက်စက်ကောင်းပါဘူး။  "

"ငါ သူ့ဆီ မသွားဘူး"

  ရှထင်ဝမ်က ခေါင်းကို လှည့်လိုက်တယ်။သူ့မျက်ဝန်းထဲမှာ မျက်ရည်စတွေ ရှိနေပေမယ့် မြိုသိပ်ထား​ပြီး မငိုမိအောင် တင်းခံနေတယ်။

  စူးယန်က သူ့ကို အပြစ်တင်မှာမဟုတ်ဘူးဆိုတာ သိ​ပေမယ့် ကိုယ့်အခြေအနေကိုယ် နားမလည်ခဲ့ပဲ ရဲ့ပင်းဝမ်ကို မျက်နှာပျက်စေခဲ့တာသူကိုယ်တိုင်ပဲမို့ သူမွှေးခဲ့တဲ့မီးကို သူပဲ တာဝန်ယူရမှာ​ဖြစ်တယ်။

  ဒါ​ပေမဲ့ သူက မခံချင်ဖြစ်​နေတုန်းပဲ။​

  ရဲ့ပင်းဝမ်က သူ့ကို အပျက်ကောင်လို့ခေါ်ပြီး စူးယန်က သူ့ကို fuck ရတာ ပျင်းသွားလို့ လွှင့်ပစ်လိုက်တာလို့လည်း ပြောသွားသေးတယ်။

  စူးယန်ဆီက အဲ့လို ဆိုးရွားတဲ့ စကား​တွေ သူတစ်ခါလေး​တောင် မ​ကြားခဲ့ဖူးဘူး။

  စူးယန်က သိမ်မွေ့ပြီး  သိက္ခာ​ကြီးတယ်။စူးယန်က သူ့ကို အရမ်းချစ်ခဲ့တယ်။စူးယန်က လူကို လူလို မဆက်ဆံတဲ့ ရဲ့ပင်းဝမ်နဲ့ မတူဘူး။

  ကွာရှင်း​ပြီးတာ​တောင်မှသူရူးရူးမိုက်မိုက် ယုံကြည်​နေတုန်းပဲ။

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now