Chapter(8.1)
1.2K 179 15
[Zawgyi]
  ရှထင်းဝမ်ရဲ့ နှလုံးသားက တလှပ်လှပ်​ဖြစ်သွား​ပြီး ကျောမှာ ချွေးစေးတွေ ထွက်လာတယ်။စက္ကန့်အနည်းငယ်ကြာတဲ့အခါ စုယန်ရဲ့ လက်တွေကို တုန်ယင်စွာပဲ အုပ်ကိုင်လိုက်တယ်။
 အထိအတွေ့က ရင်းနှီးနေပြီး စိတ်သက်သာစေတာကြောင့် သူမထိန်းနိုင်ပဲ  လက်သူကြွယ်ကို အလိုအလျောက် ပွတ်သပ်မိသွားတယ်။
  စုယန်ရဲ့ လက်တွေက ခဏလောက် တောင့်ခဲသွားတယ်။သူက ရှထင်းဝမ်ကို မြန်မြန်လွှတ်ပေးလိုက်ပြီး နောက်တစ်လှမ်းဆုတ်သွားတယ်။သူ့မျက်နှာက ဆင်ဝင်ရဲ့ အရိပ်အောက်မှာ ပုန်းကွယ်နေတယ်။
“ပြန်ဝင်တော့ ”
  ရှထင်းဝမ်က နေရာမှာတင် ရပ်နေ​ပြီး စုယန်လှည့်ထွက်သွားတာကို ကြည့်​နေခဲ့တယ်။
  ဒရိုင်ဘာက စုယန်ကို ထီးဆောင်းပေးပြီး ကားတံခါးဖွင့်ပေးလိုက်တယ်။စုယန်က ဝင်ထိုင်တော့မယ့်အချိန် သူမိုးရေထဲမှာပဲ ကားရှေ့ကို​ လျှောက်လာလိုက်တယ်။ကားလမ်းမပေါ်ပြေးတက်ပြီး စုယန်ရဲ့လက်မောင်းကို ဆွဲလိုက်တယ်။
  သည်းသည်းမည်းမည်း ရွာနေတဲ့မိုးက သူ့ကိုယ်နဲ့ မျက်နှာကို ရိုက်ခတ်နေတယ်။သူ့ကိုယ်​ပေါ်မှာရှိတဲ့အဝတ်​တွေက ချက်ချင်းပဲ ရွှဲစိုသွားတယ်။ရှထင်းဝမ်က စုယန်ကို ရှက်ရှက်နဲ့ပဲ ​ကြည့်လိုက်တယ်။မိုးပေါက်တွေက ရက်ရက်စက်စက်ကို ရွာချနေတာကြောင့် သူ့မျက်လုံးတွေကိုတောင် မနည်းဖွင့်နေရတယ်။
  စုယန်ရဲ့ ဒရိုင်ဘာ သိသိသာသာကို ကြောင်အသွားတယ်။ဒါပေမဲ့ သူက ချက်ချင်းပဲ တုံ့ပြန်ကာ ထီးကို​စောင်း​လိုက်ပြီး ရှထင်းဝမ်ကို မိုးသည်းကြားက ကာပေးလိုက်တယ်။
  စုယန်က ကားထဲဝင်ထိုင်နှင့်​ပြီးသားမို့ ရှထင်းဝမ်ကိုကြည့်ဖို့ ခေါင်းထွက်လာတယ်။သူ့မျက်ဝန်းထဲမှာ မှင်သက်သွားတဲ့ အစွန်းအစတွေ ရှိနေတယ်။
မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now