Chapter(5.1)

1.6K 175 2
                                    

  ရက်အနည်းငယ်ကြာပြီးနောက်...

ကျောက်နန်ရှု ညကြီး အပြင်ထွက်သွားတဲ့အချိန် ကျိုးယန်က ရှထင်းဝမ်ကို  ဖုန်း​ခေါ်ခဲ့တယ်။

  ဒီတလော သူ ကျိုးယန်ကို ဆက်တိုက်ပဲ ရှောင်နေခဲ့တယ်။ဖုန်းလည်းမကိုင်သလို ပို့ထားတဲ့စာတွေလည်း မဖတ်ဘူး။ဒါပေမယ့် ဒီနည်းလမ်းက တကယ့်အဖြေမဟုတ်ဘူးလေ။

  “ညဥ့်နက်နေတဲ့အထိ မင်းဘာလုပ်နေတာလဲ”

  အဲ့ဒါက စိတ်ပူတဲ့ စကားပေမယ့် ကျိုးယန်ရဲ့အသံက အရမ်းကို ပေါ့ပါး​​နေတယ်။ဒီအတိုင်း နှုတ်ဆက်စကား​​​ပြောနေသလိုပဲ။

  ရှထင်းဝမ်က ကျိုးယန် နဲ့ နှစ်အ​တော်​ကြာ အလုပ်လုပ်ခဲ့ပေမယ့် ကျောက်နန်ရှုနဲ့လောက်တောင် မရင်းနှီးခဲ့ဘူး။ရှုကျဲရဲ့ မိတ်ဆက်​​ပေးမှု ကြောင့်သာ ကျိုးယန်ကို သိခဲ့တာဖြစ်တယ်။

ရှုကျဲက သူ့ကိုပြောခဲ့ဖူးတယ်။ကျိုးယန်က စကားပြောကြမ်းပေမယ့် တကယ်တော်တဲ့လူမို့လို့ သူ့စကားနားထောင်ရင် ဘာမှအခက်တွေ့အောင် လုပ်မှာမဟုတ်ဘူးတဲ့။

ရှထင်းဝမ်က ရှုကျဲကိုယုံတာကြောင့် ကျိုးယန်ကိုလည်း ယုံကြည်ခဲ့တယ်။ဒါပေမယ့် သူက ဆတ်ဆတ်ထိမခံတတ်တဲ့လူစားမို့ ကျိုးယန်က သူ့ကို ပုဂ္ဂိုလ်​ရေးအမြင်မှာ သိပ်သဘောမကျဘူးလို့ အလိုလိုနားလည်ခဲ့တယ်။အဲ့ဒါကြောင့် သူတို့နှစ်ယောက် ဘယ်တုန်းကမှ မရင်းနှီးခဲ့ဘူး။

ကျိုးယန်က တင်းကြပ်ပြီး သန်မာတဲ့လူဖြစ်တာကြောင့်ရှထင်းဝမ်လို အထိန်းအကွပ်မရှိ လုပ်ချင်ရာလုပ်တတ်တဲ့လူမျိုးမဟုတ်ပဲ နာနာခံခံနဲ့ အလုပ်ကြိုးစားတဲ့အနုပညာရှင်​တွေကိုပဲ သဘောကျတတ်တယ်။
  

  အ​စောပိုင်းနှစ်​​တွေမှာ သူအရမ်း​အောင်​မြင်ခဲ့တုန်းက ကျိုးယန်ရဲ့ လက်ထဲမှာ အတောက်ပဆုံး အမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့တယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးတဲ့အခါ သူက အလုပ်ကို ပေါ့တိပေါ့ပျက် သဘောထား​ပြီး ဉာဏ်နည်းတဲ့ လုပ်ရပ်တွေလည်း အများကြီးလုပ်ခဲ့မိတယ်။မကောင်းသတင်းတွေလည်း အများကြီးထွက်ခဲ့တယ်။အဲ့လိုနဲ့ပဲ သူနဲ့ကျိုးယန်ကြားက ဆက်ဆံရေးက တ​ဖြည်း​ဖြည်း ပိုပြီးအေးစက်လာခဲ့တယ်။

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now