ရှထင်းဝမ်က သူ့လက်ထောက် ကျောက်နန်ရှုရဲ့အိမ်မှာ စိတ်ကျနေတဲ့လူလို နေနေတယ်။သူက နေ့တိုင်းလိုလို စောင်ခြုံပြီး အိပ်ရင်အိပ် မအိပ်ရင် ကုတင်ထောင့်မှာ ထိုင်နေတတ်တယ်။ကျောက်နန်ရှုက ဆယ်ရက်လောက် သူ့ကိုကြောင်တစ်ကောင်လို ပြုစုနေရတော့ မခံနိုင်တော့ဘူး။
"Boss ဒီညပဲ အချိန်ကျပြီ"
ညရောက်တော့ ကျောက်နန်ရှုက ဘယ်လက်မှာ ကျောက်ပုစွန်ကို ဆွဲ၊ညာလက်မှာ seven-eleven က ဘီယာဘူးတွေကို ဆွဲလာတယ်။သူက တံခါးကို ကန်ဖွင့်ပြီး စောင်ခြုံထဲမှာ ကွေးနေတဲ့ ရှထင်းဝမ်ကို အော်ပြောတယ်။
" ကျောက်ပုစွန်ညပဲ ဒီညတော့..ယောကျ်ားတွေအကြောင်း မေ့လိုက်ကြစို့"
ကျောက်နန်ရှု က ကောင်းကင်ကနေ ငုံ့ကြည့်ရင်တောင် ကွေးနေတာ သိသာနေတဲ့ ဂေးတစ်ယောက်ဖြစ်တယ်။သူက ရှထင်းဝမ်ရဲ့ ကိုယ်ပိုင်လက်ထောက်အဖြစ် အချိန်ပြည့် လုပ်ကိုင်တယ်။အားတဲ့ အချိန်တွေမှာတော့ skincareနဲ့ beauty blogger လုပ်တယ်။အရေးကြီးတဲ့အချက်က သူကရှထင်းဝမ်ခင်ရတဲ့ သူငယ်ချင်းဖြစ်တယ်။
ကျောက်နန်ရှုက မြန်မြန်ချစ်၊မြန်မြန်အသည်းကွဲ၊မြန်မြန်ပြန်ပျောက်တဲ့လူဖြစ်တယ်။"ချီးထုပ်လို ယောကျ်ားတွေကို မေ့ပစ်"ဆိုတာ သူ့ရဲ့ မန္တန်ပဲ။
ရှထင်းဝမ်က အစက စိတ်အခြေအနေဆိုးရွားနေပေမယ့် ကျောက်နန်ရှုရဲ့ ကြုံးဝါးသံကို ကြားတော့ အကြောင်းတစ်ချို့ကြောင့် စိတ်ထဲ ထူးထူးဆန်းဆန်းပဲ နေလို့ကောင်းလာတယ်။
လူတွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကယ်တင်လိုကြတဲ့ မသိစိတ်ရှိတယ်။စိတ်ညစ်ပြီး ရုန်းမထွက်နိုင်ဖြစ်နေရင်တောင် စိတ်ဖြေရာတစ်ခုကတော့ လိုနေတုန်းပဲ။အဲ့ဒါမှ မနေ့၊ဒီနေ့နဲ့ မနက်ဖြန်တွေမှာ ပုံမှန်လို ဆက်သွားနိုင်မှာ ဖြစ်တယ်။ရှထင်းဝမ်က သူအခု ကျောက်ပုစွန်ညကို တကယ်လိုအပ်နေတယ်လို့ ခံစားနေရတယ်။သူနဲ့ကျောက်နန်ရှုက လိုက်ကာတွေ ပိတ်လိုက်ပြီး TVမှာ ရသစုံရှိုးတစ်ခု ဖွင့်ကြည့်လိုက်တယ်။ပြီးတော့ နှစ်ယောက်သား ကြမ်းပြင်မှာ တင်ပလ္လင်ခွေထိုင်ပြီး ဘူးတွေကို ဖွင့်ဖောက်တော့တယ်။ကျောက်ပုစွန်ကင်နံ့သင်းသင်းလေးက လေထုထဲအပြည့် မွှေးပျံ့နေတယ်။ပူစပ်စပ်လေးနဲ့ လတ်လတ်ဆတ်ဆတ်လေး။
![](https://img.wattpad.com/cover/286103897-288-k389215.jpg)
YOU ARE READING
မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translation
Romanceoriginal title-离别前后 Author -丧心病狂的瓜皮 Total-42 chapters ဒါလေးက အခုတလော ဖတ်ဖြစ်နေတဲ့ Miss you manhua လေးရဲ့novel ကို ဘာသာပြန်ထားတာပါ..manhuaစောင့်ဖတ်ရင်းလောင်ရမှာပေမယ့် သူများထက်စောစောကြိုလောင်ချင်သူများအတွက်ပါ..အပိုင်းနည်းတယ်ဆိုတော့ အမြန်ဆုံးနည်းနဲ့...