Chapter(6.1)

1.4K 151 5
                                    

  ညလေ​ပြေက စုယန်နဲ့ရှထင်းဝမ်ရဲ့ ကြားထဲမှာ ညှင်းသွဲ့သွဲ့လေး တိုက်ခတ်နေတယ်။သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး ဘာစကားမှ မပြောဘဲ အကြာကြီး ငြိမ်သက်နေကြတယ်။

  ရှထင်းဝမ်ရဲ့ အသက်ရှူသံက တဖြည်းဖြည်း ပုံမှန် ပြန်​ဖြစ်လာတယ်။သူက မတ်တပ်ရပ်​ပြီး စုယန်ကို ကြည့်လိုက်တဲ့အချိန် ဂရုဏာသက်ပြီး စိတ်မကောင်းဖြစ်တာကိုပါ ခံစားလိုက်ရတယ်။

ဒီအိမ်ထောင်ရေးမှာ သူတို့နှစ်ယောက် ဘာတွေလုပ်ခဲ့ကြတာလဲ။

  လွန်ခဲ့တဲ့ငါးနှစ်တုန်းက သူကလုပ်ချင်ရာလုပ်​ပြီး တစ်ကိုယ်ကောင်းဆန်တယ်။ အမှား​တွေ လုပ်မိရင်လည်း ဝန်မခံတတ်ဘူး။စုယန်ကကျ သိမ်မွေ့တယ်။ဒါ​ပေမယ့် အမြော်အ​မြင်ရှိတယ်။​ပြီး​တော့ သူ့မျက်စိထဲမှာ ကမ္ဘာ​ပေါ်က အမိုက်ဆုံးယောကျ်ားတစ်ယောက်ဖြစ်တယ်။

  ဒါ​ပေမဲ့ ငါးနှစ်​ကြာ​ပြီးတဲ့အခါ သူတို့က လုံးဝကိုမမှတ်မိနိုင်တော့အောင် ပြောင်းလဲသွားခဲ့ပြီ။

  သူတို့က ဆိုးရွားပြီး မပျော်မရွှင်နဲ့ စိတ်ညစ်နေရတဲ့ လူနှစ်ယောက်ဖြစ်လာခဲ့တယ်။

   “စုယန် ခင်ဗျား ကျွန်​တော့်အတွက် ဘာလုပ်​ပေးခဲ့သလဲဆိုတာ တိတိကျကျ ပြောပြပါ ”

ရှထင်းဝမ်က အသက်ပြင်း​ပြင်းတစ်ချက် ရှူလိုက်တယ်။

“ရဲ​တွေကို​တော့ ဝယ်လိုက်လို့မရဘူးမလား”

  စုယန်က နားထင်ကို လက်နဲ့ ခပ်ဖွဖွ ပွတ်လိုက်​တယ်။သူက ဖြစ်ပျက်ခဲ့တာတွေကို  ​ပြန်ပြောချင်ပုံမရဘူး။သူက ခဏလောက် တုံ့ဆိုင်းနေပြီးမှ ခပ်ဖြေးဖြေး ပြောလာတယ်။

“ မင်းက အရက်မူးပြီး ကားမောင်းခဲ့တာ။ယင်းနင်နဲ့ သူ့အမေသာ မီးနီကို ဖြတ်မပြေးခဲ့ရင် သူတို့လည်း  ဒဏ်ရာအပြင်းစား ရခဲ့မှာ မဟုတ်တာသေချာတယ်။အဲ့တာကြောင့် ဒါက ကားတိုက်မှု မမြောက်ဘူး။မင်း ကိုမာဝင်​နေတဲ့ ညမှာ ယင်းနင်အမေက ကိုယ့်ကို တစ်ယောက်တည်းဆက်သွယ်ပြီး သ​ဘောတူခဲ့လို့   ပုံမှန်သတ်မှတ်ပေးထားတဲ့ နစ်နာကြေးထက် အဆပေါင်းများစွာ လျော်ပေးခဲ့တယ်။ရဲ​တွေက မင်းမှာ အဓိကတာဝန်ရှိတယ်လို့ သတ်မှတ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ မင်းက အရင်ဆုံး ထိခိုက်စေတဲ့လူ ဖြစ်လို့ပဲ။ဒါ​ပေမယ့် အရက်ရေချိန်က ကားမောင်းရင်မ​သောက်သင့်တဲ့ နှုန်းထက် မ​​ကျော်နေလို့ရယ်၊လျော်ကြေးပေးတာ သဘောတူတဲ့စာချုပ်ရယ်ရှိထားလို့။အဲ့တာကြောင့် လိုင်စင်ကိုပဲ ခြောက်လဆိုင်းငံ့ပြီး ထောင်မချတာပဲ  ”

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationDonde viven las historias. Descúbrelo ahora