အရင်တုန်းကလိုဆိုးသွမ်းနေတုန်းဘဲနော်
Jeon Jungkookကားရှေ့လာဖြတ်လျှောက်တဲ့အမည်မသိလူသားလေးကြောင့်ဒေါသကတစ်ဟုန်ထိုး။
ကားတံခါးကိုဖွင့်ကာ
ထိုလဲကျနေတဲ့လူသားဆီလျှောက်လှမ်းရင်း
အကျီစဖြူဖြူလေးကိုလက်နှစ်ဖက်နှင့်
ဆွဲကိုင်လိုက်သည်။''အရူးမို့ကားလာနေတာကိုဖြတ်လျှောက်တာလား...ဟမ်''
ဒေါသတကြီးနဲ့မေးလာတဲ့Jeon။
သူ့အပေါ်ကျရောက်လာတာက
ခပ်တင်းတင်းမျက်နှာထားတစ်ခု။အနည်းငယ်ပျက်ယွင်းသွားတဲ့
ရှေ့ဆံပင်နက်မှောင်မှောင်လေးတွေကြားက
စူးရှရှအကြည့်။အကြည့်ချင်းပြိုင်လိုက်ချိန်
ရင်ဘက်တစ်စုံကတစ်ဆစ်ဆစ်
နာကျင်လာတာကြောင့်
အကြည့်လွှဲလိုက်ရတာကJeon။ဟိုတစ်ချိန်တုန်းကလိုဘဲ..အကြည့်တစ်ခုကိုတောင်မခံရက်နိုင်ဖြစ်နေတုန်းပါလား။
သူ့ရဲ့အကြည့်တွေထဲမာနတရားတွေလား။
ဒေါသတရားတွေဘဲလား။
မသဲကွဲပေမဲ့နာကျင်နေသယောင်တော့ရှိသည်။သိပ်လှရက်တဲ့ညို့မျက်ဝန်းလေးနဲ့ထိုလူသား။
ဖြူနုနုမျက်နှာလေးပေါ်ဝယ်ဆံပင်များကဝဲကျနေသည်။
နီရဲရဲနှင့်စူးရှလှတဲ့မျက်ဝန်းမှေးမှေးလေးတစ်စုံ။
ဖြောင့်တန်းသွယ်လျလှတဲ့နှာတံလေး။
ပြီးတော့
ပန်းစည်ရောင်နှုတ်ခမ်းသားထူထူလေး။နှုတ်ခမ်းသားလေးကိုမြင်တော့
တံထွေးကိုအခါခါမြိုကျနေရသူ။ပိုင်ဆိုင်ချင်လာတယ်
ဒီနှုတ်ခမ်းသားပိုင်ရှင်လေးကို။ထိတွေ့ချင်လာတယ်
ဒီနှုတ်ခမ်းသားလေးကို။''Jimin...Jiminမဟုတ်လား''
Kimဆီမှထွက်လာသောအသံ။
ထိုလူသားသည်Jeonဆီမှအကြည့်ကို
Kimဆီသို့ပို့ပစ်လိုက်ပြီးအနည်းငယ်တွေးတောနေပုံ။
YOU ARE READING
FREEDONE _မောင့်လိပ်ပြာငယ်(completed)