သူငယ်ချင်းဆိုတာထက်
သွေးမတော်သားမစပ်တဲ့ညီကိုတွေတစ်စက်တစ်စက်နှင့်ရွာကျလာသော
မိုးရေစက်တွေက အတိတ်ကဒဏ်ရာတွေကို
အစဖော်နေပြန်သည်။ခန္ဓာကိုယ်ငယ်သည်တစ်စက်စက်တုန်ခိုက်နေသည်။ အအေးဒဏ်ကြောင့်
လက်ကောက်ဝတ်ကဒဏ်ရာလေးက
တစ်ဆစ်ဆစ်ကိုက်ခဲလျက်။စိုရွှဲရွှဲဆံပင်လေးကိုဆွဲဖွရင်
တောက်တစ်ချက်ခေါက်လိုက်သည်။''တောက်!ရာသီဥတုတောင်စောင့်ချိုးမပြေဘူး''
ရွာချနေသောမိုးပင်
မိုးတိမ်ကြားပြေးဝင်ရတော့မယ်ပုံ။
မိတ်ဆွေဟောင်းတွေကြောင့်အလိုမကျတဲ့စိတ်ကိုအဆက်မပြတ်ရွာနေသည့်မိုးစက်များပေါ်သို့ ပုံအောလိုက်သည်။မေ့ပစ်ချင်ခဲ့တဲ့အတိတ်တွေက
တစ်ပုံတစ်အောကြီး။ ဘယ်သူကြောင့်လဲမေး။.Park Jiminကြောင့်လို့ဘဲပြန်ဖြေမိမှာ။သိပ်ပျော့ညံခဲ့တာ။
သိပ်တုံးအခဲ့တာ။
သိပ်ကိုယုံကြည်ခဲ့တာ။''Jimin..ဒါလေးလုပ်ပေးပါဦး''
''ငါတို့ရေချိုးခန်းထဲအဝတ်တွေလျှော်ပေးပါဦး''
''စာပြီးမှလုပ်..ပန်းကန်တွေလာဆေးစမ်း''
သိပ်မွန်းကြပ်ခဲ့တဲ့နေ့ရက်တွေ။
စာနာစိတ်။နားလည်းပေးနိုင်မှု ကင်းမဲ့လွန်းတဲ့လူသားတွေနဲ့ အဝေးဆုံးကိုပြေးထွက်လာတဲ့
ထိုညကလည်း ဒီလိုဘဲ.မိုးစက်တွေကတစ်ဖြောက်ဖြောက်။ဦးတည်ရာမဲ့ပြေးလွှားရင်း ချောလဲကျကာ
ပွန်းပဲ့သွားသောဒူးလေးကို ပွတ်သပ်ရင်း
ကလေးတစ်ယောက်နှယ်အားရပါးရအော်ငိုခဲ့တယ်။မျက်စိစုံမှိတ်ကာအော်ငိုနေရင်း
မော်ကြည့်လိုက်တော့ ထီးအမဲလေးနှင့်အုပ်မိုးပေးခဲ့သောသူမက အာရုဏ်ဦးနေထွက်ပြူလာသလို မျှော်လင့်ချက်ရေးရေးလေးပေါ်ထွက်လာခဲ့သည်။ Jimimအတွက်
သူမက အလင်းရောင်လေးဖြစ်ပေးခဲ့တယ်။မေမေ့ဘဝကရိုးရှင်းသည်။
သဘာဝအလှလေးတွေကိုခံစားရင်း
ဓာတ်ပုံလေးတွေတစ်ဖြတ်ဖြတ်ရိုတ်တက်တာ။.သိပ်ကိုအေးချမ်းခဲ့တဲ့မေမေရယ်ပါ။
YOU ARE READING
FREEDONE _မောင့်လိပ်ပြာငယ်(completed)