7 🦋 (Zawgyi)

52 7 0
                                    

အရွဲ့တိုက်ခြင်းအနုပညာကို
Park Jiminသိပ်ကျွမ်းကျင်တယ်


မျက်ဝန်းတစ်စုံငယ်ကြောင့်မောင်ဟာထာဝရကျရှုံးသည်။
ထ်ိုမျက်ဝန်းလေးပိုင်ရှင်သည်သိပ်ညို့အားပြင်းခဲ့သည်လား။

အပြုံးလေးတစ်ပွင့်ကြားမောင်ဟာသွက်သွပ်ခါအောင်ရူးရသည်။
အပြုံးပိုင်ရှင်လေးသည်စွဲဆောင်မှုသိပ်အားပြင်းခဲ့သည်လား။

အပြုမူတစ်ခုချင်းဆီကြားမောင်ဟာနှလုံးသားတစ်ခုလုံးဗြောင်းဆန်လာရသည်။
ထိုသူသည်မောင့်အပေါ်ရူးသွပ်စေသည်လား။

...........
''အင်း..Kimမင်းကိုဘဲအားကိုပါရစေ''

''မာမီကိုတော့ငါဖုန်းဆက်လိုက်မယ်''

''ဟားဟား..ငါကလုံးဝဒီplanကိုပြောင်းမှာမဟုတ်ဘူး..''

''ငါကမဖြစ်ဖြစ်အောင်မရရအောင်ယူမှာ..''

Hotelခန်းထဲကမာနလေးကိုစိတ်ဆိုး၍
အပြင်သို့ထွက်လာခဲ့သည်။
ညသည်သိပ်ကိုနက်နဲလွန်းသည်။
မောင့်အဖို့အကြံစည်တွေကိုသေချာတွေးတောနိုင်သောကာလအပိုင်းခြား။

ဟိုတယ်နံရံလေးကိုမှီရင်
စီးကရက်လေးသောက်ကာဖုန်းပြောနေသော
မောင်သည်မြင်လိုက်ရသူတစ်ငေးတစ်မော။

ပါတီပွဲကဝတ်ထားသောall blackလေးသည်
ခုထိညလေအေးအေးထဲတစ်လွင့်လွင့်။

ဂုတ်ထောက်နေသောခရမ်းရောင်ဆံပင်လေးကို
မောင့်ရဲ့မူပိုင်စတိုင်လေးအတိုင်း
တစ်ဝက်စည်းနှောင်ထားသည်။
ဒီပုံစံကိုဘဲမောင့်သိပ်ကြိုက်တယ်။
မောင့်ဆိုတာနဲ့မြင်သာစေတဲ့အမှတ်သားလေးမို့။

Tattooအပြည့်နှင့်လက်လေးကဖုန်းကိုကိုင်ထားရင်း
တစ်ဖတ်ကစီးကရက်လေးကိုညှပ်ကာဖွာလိုက်ပြာကိုခါချလိုက်ဖြင့်။
နံရံကိုကျောမီထားကာ
ခြေထောက်တစ်ဖတ်ကနံရံကိုကန်ကျောက်ထားသည့်
မောင်သည်ခပ်မိုက်မိုက်။

သိပ်စွဲမက်ဖွယ်ကောင်းသည့်ယောကျာ်း။

ဒီလိုယောကျာ်းမျိုးနှင့်တွဲချင်သောမိန်းကလေးတွေတပုံတအော။
လက်ထပ်ချင်သောက္ကတ္ထိယတွေကလက်ညိုးထိုးမလွဲ။
မောင်အကြည့်တစ်ချက်မှာပြားပြားဝပ်နေမည့်ယောကျာ်းမိန်းမဆိုသည်များပြားလွန်းလှသည်။

FREEDONE _မောင့်လိပ်ပြာငယ်(completed) Where stories live. Discover now