12 🦋

1.6K 124 2
                                    

မောင့်ကိုဘယ်လောက်ချစ်လဲ


''ကျွန်တော့်ကိုသိလို့လား...''

''Jimin..မောင့်ကိုဒီလိုနောက်တယ်ပေါ့..''

လေသံခပ်ပျက်ပျက်စကားတစ်ခုကြောင့်မောင်ခေတ္တတော့တုန်လှုပ်ခဲ့ပေမဲ့မောင်အများကြီးမတွေးမိခဲ့..။စနောက်နေတာလို့ဘဲတွေးမိသည်။Park Jiminဆိုတာစနောက်ခြင်းနဲ့မအပ်စပ်ပေမဲ့ပေါ့။တစ်ခါတလေတလွဲတွေးလိုက်ခြင်းသည်စိတ်ကိုသက်သာရာရစေသည်။

''တောင်းပန်ပါတယ်..''

ခပ်ရှုပ်ရှုပ်မျက်ဝန်းလေးသည်အစဥ်လှုပ်ရှားနေကာခါတိုင်းသူ့ကိုစေ့စေ့ကြည့်ရဲသော၊
သူကအရှုံးပေးခဲ့ရသောမျက်ဝန်းလေးတွေမဟုတ်တော့ဘဲသူ့ကိုရှောင်သည်။စိတ်သည်ဝမ်းနည်းရမလိုဝမ်းသာရမလိုဘာဆိုဘာမှန်းတောင်မသိတော့...Park Jiminကသူ့ကိုကျီစယ်နေတာလား..ဒါမှမဟုတ်မချစ်လို့များလှည့်စားနေတာလား။

''Jimin..''

''...''

''Park Jimin..''

''...''

''My love.. ''

''ဘယ်လိုတွေဖြစ်လို့လူကိုခဏခဏဒုက္ခတွေပေးနေရတာလဲ..တကယ်ဘယ်သူမှန်းမသိနေတာမလို့ထွက်သွားပေးပါလား..ကျွန်တော်စိတ်တွေတော်တော်ရှုပ်နေလို့ပါ..''

ခါးခါးသီးသီးကိုငြင်းဆန်နေသောသူသည်ခါတိုင်းနှင့်မတူဘဲကလေးလေးတစ်ယောက်ကိုလူဆိုးတစ်ယောက်ကလိုက်နှောင့်ယှက်နေသလို။
သေချာကြည့်လိုက်ရင်စနောက်နေခြင်းနှင့်နည်းနည်းမှမတူတော့တဲ့Jiminရဲ့အမူယာတွေကြောင့်
မောင်သိပ်စိတ်ပူလာသည်။ခြေလှမ်းများသည်လွဲမှားလာသည်။ရင်ထဲလှိုင်းပေါင်းများစွာသည်ဂယက်ထစွာရိုတ်ခတ်လာသည်။

Park Jimin ဘာဖြစ်တာလဲ..။

Jungkookသည်စိတ်လှုပ်ရှားမှုပေါင်းများစွာဖြင့်ပခုံးသေးသေးလေးကိုလှုပ်ကိုင်ရင်းကြမ်းတမ်းမိလာသည်။

''Jimin..မောင့်ကိုမင်းအရူးလုပ်လို့မရဘူး...''

''မချစ်ရင်မချစ်ဘူးပေါ့..လူကိုဒီလိုလှည့်စားလို့ရမယ်ထင်နေလား..''

FREEDONE _မောင့်လိပ်ပြာငယ်(completed) Where stories live. Discover now