နောက်ဆုံးတော့Park Jiminကိုပြန်ရှာတွေ့ခဲ့ပြီ
ပတ်ဝန်းကျင်သည်အရင်မြင်ဖူးနေကျမည်သည့်နေရာနှင့်မှမတူဘဲမှိုင်းအုံ့အုံ့ဖြစ်နေသည်။
မည်သည့်ကလာမှန်းမသိသည့်စိမ်းသက်သက်အငွေ့သက်များကလည်းနေရာအနှံ့။မသိရင်သရဲကားတွေထဲကမျက်လုံးနှစ်ဖက်ကိုလက်နဲ့အုပ်ပြီး
လက်ချောင်းလေးတွေကြားကနေခိုးကြည့်ခဲ့ရတဲ့scenceတွေလို။
ဘယ်နေရာကနေဘယ်လိုအရာမျိုးထွက်လာမလဲဆိုတာရင်ခုန်ပြီးစောင့်ကြည့်နေရသလို။ထိုကဲ့သို့သောပတ်ဝန်းကျင်မျိုးရဲ့အလယ်တည့်တည့်တွင်တည်ရှိနေသူကPark Jimin။
တစ်ကိုယ်လုံးဇောချွေး တွေပြန်နေမိသည်။
ဒါဘယ်လိုနေရာမျိုးလဲ။
ဘာလိုမေမေ့အသံကိုနေရာအနှံ့ကကြားနေရတာလဲ။ထပ်ခါထပ်ခါ"Jimin..သား''ဆိုသောအသံကို
အရပ်မျက်နှာပေါင်းစုံကနေကြားနေရသည်။
ခြေချောင်းလေးတွေကိုကုပ်လိုက်ရင်း
လက်သီးလေးကိုတင်းတင်းစုပ်ကိုင်လိုက်သည်။
ထို့နောက်
တိုးငြင်းလှသောအသံလေးဖြင််အားယူမေးလိုက်သည်။''မေ..မေ..လား''
အသံသည်တုန်ရီနေသည်။
သူလုံးဝကိုကြောက်လန့်နေပါသည်။
မိုးညတွေကိုတစ်ယောက်တည်းဖြတ်သန်းလာပေမဲ့သူမကြောက်ခဲ့။
studioကြီးသည်မေမေ့ရင်ခွင်သကဲ့သို့နွေးထွေးမှုသိပ်ကိုပေးသည်။သို့သော်အခုမြင်နေရသောနေရာသည်
သိပ်ခြောက်ခြားစရာ။
လူတွေနှင့်ကမ္ဘာခြားထားကာ
တစ်ယောက်တည်းအတွက်တည်ဆောက်ပေးထားတဲ့ကြောက်လန့်ဖွယ်သီးသန့်ကမ္ဘာငယ်လိုမျိုး။ယှက်...ယှက်
ဝှီးးးးးးသစ်ရွက်ကလေးများအချင်းချင်းရိုတ်ခတ်နေမှုကြောင့်တစ်ယှက်ယှက်နှင့်လူ့အသည်းကိုခိုက်ခိုက်တုန်အောင်ခြောက်လန့်နေသည်။
လေပြင်းတစ်ချက်သည်ကျောပြင်ကိုအေးခနဲ။
နှလုံးသားလေးသည်ရှိန်းခနဲ။
ကြက်သီးများသည်စိမ့်ခနဲ့ထောင်တက်လာသည်။ရုတ်တရက်ဆန်စွာJiminရှေ့ကိုကျရောက်လာသော
အဖြူရောင်လေးနှင့်အရာတစ်ခု။
လူသားလား...ဒါမှမဟုတ်...။
YOU ARE READING
FREEDONE _မောင့်လိပ်ပြာငယ်(completed)