သိပ်လှတဲ့ဇာတ်သိမ်းခန်းလေး
''ညမရဲ့ ဘယ်ဘက်လက်လေးကို ပန်းခြင်းပေါ်တင်လိုက်..''
''ဒီလိုလား အကို''
''ဟုတ်တယ်.. ရိုတ်မယ် 1 2 3''
အပြာရောင် ဂါဝန်ရှည်ရှည်သည် ထိုမော်ဒယ်မလေး၏ ခန္ဓာကိုယ်အချိုးအစားနှင့် အံဝင်ဂွင်ကျ ရှိနေကာ နဂိုရှိရင်းစွဲ အလှကိုပိုမိုပေါ်လွင်နေစေသည်။ ခါးလောက်ထိ ရှည်သော ရွှေအိုရောင် ဆံပင်များသည် အဖျားနားတွင် လိပ်သွင်းကာ လှိုင်းတွန့်လေးများဖြစ်နေသည်။ အပြုံးလှလှလေးများဖြင့် ပုံစံမျိုးစုံကို ဓာတ်ပုံဆရာ စိတ်တိုင်းကျ နေပေးနေသည်။
"Jeon Jimin!!!!''
အသံသည် ဟိန်းထွက်နေကာ ဒေါသရိပ်သန်းနေသည်။ ရှေ့က မော်ဒယ်မလေးပင် တုန်လှုပ်သွားကာ ကုတ်အကျီကို ဆွဲယူ၍ ပြန်ဖို့ပြင်သည်။
''မရိုတ်တော့ဘူးလား.. ''
''ထုံးစံအတိုင်းဘဲထင်တယ်...ဒီနေ့တော့ ညမတို့ဒီလောက်နဲ့breakရအောင်လေအကို''
ကုတ်အကျီကို ကောက်ဝတ်ကာ ပိုက်ဆံအိတ်ကိုပင် လွယ်မအားဘဲ အလောတကြိး ထွက်သွားသော မော်ဒယ်မလေးကို အစအဆုံးလိုက်ကြည့်မိသည်။ ထိုမော်ဒယ်က အထွက် အခန်းထဲသို့ဝင်လာသော မောင်နှင့်ဆုံတော့ မော်ဒယ်မလေးသည် ခေါင်းကိုငုံ့ကာ ထွက်သွားသည်။ မောင်၏မျက်လုံးများသည် ပြာကျမတက် ထိုမော်ဒယ်ကို စိုက်ကြည့်လိုက်သေးသည်။
''မောင်!!!''
''ဒါတွေကို မလုပ်ဖို့ မောင်ဘယ်နှစ်ခါပြောရမလဲ မောင့်ကိုအသက်တိုစေချင်နေတာလား''
''မောင်ကျတော့ရော..အဲ့ဒီအတွင်းရေးမှူးမကို
မစွန့်လွှတ်နိုင်ဘူးမလား..''ပြဿနာသည် မနက်စောစော ဖုန်းမြည်တာကနေစတင်သည်။တတီတီမြည်နေသော ဖုန်းကို ဥပေက္ခာပြုရင်း မောင့်ရင်ခွင်ထဲ ပိုတိုးလို့ဝင်ကာ မှိန်းနေလိုက်သည်။ မကြာမီ မောင်နိုးလာကာ ဖတ်ထားသောလက်ကို အသာဖယ်ရင်း ဖုန်းထပြောလေရဲ့။ ကိုယ်ယောကျာ်းတစ်ယောက်လုံးကို ဖယ်ပြီး အဲ့အတွင်းရေးမှူးမနဲ့ပြောနေတာလေ။
YOU ARE READING
FREEDONE _မောင့်လိပ်ပြာငယ်(completed)