အချစ်ပန်းတို့သည်Namsamတောင်ပေါ်၌ပွင့်လန်းသည်''Jiminshi...မပြီးသေးဘူးလား
ကြာတယ်နော်...ဒီလိုနဲ့နောက်နေ့ကူးတော့မယ်''နားလည်ရခက်သောJeonသည်စိတ်မရှည်စွာသောအသံဖြင့်အခန်းဝ၌စောင့်ဆိုင်းနေသည်။
Namsamဆိုလို့ပျော်ရတယ်ရှိသေးဒီမောင်ကလူကိုသိပ်သိပ်ညှင်းဆဲတယ်...။
ဟာဝိုင်အီမှာမပျော်ခဲ့ရလို့အငြိုးကြီးကြီးနဲ့ကိုသူရက်စက်နေတာ...။''လူဆိုးကောင်ရေ....ဒါကငါတွက်သိပ်အဆင်မပြေနေဘူး...လုံးဝငါ့styleမဟုတ်ဘူး''
''ထွက်လာခဲ့ပါတော့..Park Jiminရယ်''
Dateမယ်ဆိုရင်ပြတ်ပြတ်သားသားမDateဘဲရစ်သဲ့သဲ့လုပ်နေသောထိုသူကဒေါသကိုတစ်ဆုံး..။
ဝတ်ခိုင်းသောHanbokသည်ပန်းနုရောင်
ဒါလူကိုနုဖတ်ဖတ်နဲ့ဆက်ဆံခြင်း..။
တစ်ခါမှမဝတ်ဖူးတာတော့ဝန်ခံပါသည်။
ထို့အတွက်ခက်ခဲလှသည်။
အထုပ်တစ်ထုပ်ကမ်းပေးဒါလဲဝတ်လိုက်ဆိုပြီးအခန်းတစ်ခန်းထဲလွှတ်လိုက်သောလူဆိုးကောင်းကိုကြည့်မရပါ။ဘာတွေရှည်နေတာလဲ...ဒါဝတ်မှDateလို့ရမှာလည်းမဟုတ်တာကိုဘဲ...။
လူဆိုးကောင်သည်တစ်ခါတစ်လေသိပ်ကိုအကဲပိုသည်။စိတ်ထဲတွင်အပြတ်အသတ်ကျိန်ဆဲရင်း
အခန်းပြင်ထွက်လာခဲ့သည်။ဆောင့်ဆောင့်အောင့်အောင်နှင့်အခန်းတံခါးကို
ဖွင့်လိုက်ရင်းထွက်လာသောဆူပုတ်ပုတ်မျက်နှာလေးနှင့်အချစ်လိပ်ပြာငယ်..။
လက်လေးနှစ်ဖတ်ကိုပိုက်ကာမောင့်ရှေ့တွင်လိပ်ပြာငယ်ကချစ်ဖို့ကောင်းပြနေသည်။
တစ်ခါမှမဝတ်ဖူး၍မလိုက်ဖတ်ဖူးထင်နေသောနီရဲရဲမျက်နှာလေး...။
မဝတ်ချင်တာကိုဝတ်ခိုင်း၍ဆူပုတ်နေသောမျက်နှာလေး..။
မကျေမချမ်းအချိုးသေးသေးလေးနှင့်မောင့်အပေါ်ကြည့်နေသောမျက်နှာလေး..။ချစ်ဖို့ကောင်းမှုသည်
Park Jiminအတွက်Childplayပါ....ဒါတွေအားလုံးဟာJiminအတွက်လုပ်ယူစရာမလိုသူ့အလိုလိုသူကိုဖြစ်ပေါ်လာမှုတွေ...။
YOU ARE READING
FREEDONE _မောင့်လိပ်ပြာငယ်(completed)