5 🦋

2.2K 211 10
                                    

အားလုံးကအတိတ်မှာပြီးဆုံးသွားပြီ


မာနတွေကသိပ်မွန်းကြပ်လာတဲ့အခါ
ချစ်ခြင်းမေတ္တာဘက်ကို
လှလှလေးကူးပြောင်းနိုင်လေရဲ့။

ငွေကြေးကြောင့်ဖြစ်ပေါ်လာတဲ့မာန
မျိုးရိုးဂုဏ်ကြောင့်ဖြစ်ပေါ်လာတဲ့မာန
ရာထူးဂုဏ်တွေကြောင့်ဖြစ်ပေါ်လာတဲ့မာန။
ဒါတွေဟာ..တစ်ကိုယ်စွဲမာနတွေ။
နူးညံသိမ်မွေ့မှုတွေပျောက်ကွယ်ရင်း
လောကကြီးကိုအရောင်ခပ်ရင့်ရင့်လေး
ဆေးခြယ်ချင်တဲ့မာနတရားလေး။
Freedoneဆိုတဲ့လွတ်မြောက်ခွင့်လေးက
Own creationပါ။
ကိုယ်တိုင်ကြိုးစားယူမှလွတ်မြောက်နိုင်မှာ။

Park Jiminရဲ့မာနကဘာလဲ။
အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့မာနသေးသေးလေး။

ငါးရာ့နှစ်စက်ရှစ်ဆိုတဲ့မိသားစုကြောင့်ဖြစ်ပေါ်လာတဲ့သိပ်နူးညံ့တဲ့မာနလေး။
ထောင့်ငါးရာဆိုတဲ့
အချစ်ဦးကြောင့်ဖြစ်ပေါ်လာတဲ့မာနတရားလေး။

Park Jiminတွက်ထိုမာနတရားတွေလွတ်မြောက်သွားဖို့
ရင်ဘက်ထဲစူးနစ်စွာစိုက်ဝင်နေတဲ့မာနဆူးလေးတွေလွတ်မြောက်စေဖို့က
အချစ်တစ်ခုတည်းလိုအပ်တာ။
....................
ခမ်းနားလှတဲ့နေအိမ်ကြီး။
ခြံဝန်းတစ်ခုလုံးကိုရောင်စုံမီးလုံးလေးတွေက
အပြည့်နေရာယူထားလျက်။

ကြည်လင်နေတဲ့အမဲရောင်ကောင်းကင်ကြီးမှာတော့
မှိတ်တုတ်မှိတ်တုတ်နှင့်
ကြယ်လေးတွေကတလတ်လတ်။

ပိုက်ဆံရှိသိက္ခာရှိမိဘတွေ၏သားသမီးတွေရဲ့ပါတီအကြီးစားလေးတစ်ခု။

နန်းတော်အလားနေအိမ်ကြီးရဲ့
ရှေ့မျက်နှာစာကွင်းပြင်ကျယ်ကြီးထဲ
စားပွဲဝိုင်းလေးများကစီရရီ။

နာမည်ကြီးအရက်တွေ
အစားသောက်တွေတည်ခင်းထားရင်း
သီချင်းသံလေးတွေကတလွင့်လွင့်။

ဝင်ဝင်ချင်းတွေ့လိုက်ရတဲ့
နန်းတော်ကြီးမျှတင့်တယ်လှတဲ့စံအိမ်ကြီးက
Kimအိမ်တော်ကြီး။
ငယ်ငယ်လေးထဲက
ခုထိဘယ်တော့မှအလှမပျက်သွားတဲ့ဒီအိမ်တော်ကြီးကိုသိပ်မှတ်မိတာပေါ့။

FREEDONE _မောင့်လိပ်ပြာငယ်(completed) Onde histórias criam vida. Descubra agora