6 🦋

2.2K 196 5
                                    

ကလေးဆန်ဆန်အတွေးတွေတွေးစမ်းနဲ့Jungkook

လူသားတွေဟာ တစ်ယောက်ကိုတစ်ယောက်
အရမ်းချစ်တက်လာပြီဆိုရင် ချစ်တယ်ဆိုပြီး
ဖွင့်ပြောစရာမလိုရလောက်အောင်
တစ်ယောက်ပေါ်တစ်ယောက်ပြုမူတဲ့
အပြုမူလေးတွေထဲကနေသိနိုင်ပါတယ်။

သူ့ရဲ့အကြည့်
သူ့ရဲ့အပြောအဆို
သူ့ရဲ့အပြုမူတွေတိုင်းက
ကိုယ့်အတွက်အကုန်အဓိပ္ပါယ်​ရှိနေတာမျိုး......။
အသည်းယားစရာဖြစ်နေတာမျိုး.....။
သူ့အသံလေးကိုမှမကြားရရင်မနေနိုင်တော့တာမျိုး...။

သူ့ကို ဘဲ တွေ့ချင်တယ်။
သူ့ရဲ့အသံလေးကိုဘဲကြားချင်တယ်။
သူနဲ့ဘဲအတူရှိချင်တယ်။
သူရှိတဲ့အရပ်ကိုဘဲမျက်နှာမူမိတယ်။

ဒါတွေကိုစာဖတ်သူခံစားလာရပြီဆိုရင်သေချာပါတယ်
သင်လည်းသင်ချစ်တဲ့သူကိုတွေ့နေပြီဆိုတာ......။

............................

''မဝတ်ချင်ဘူး...''

''Park Jimin..ကိုယ်စိတ်မရှည်ဘူးနော်..ဝတ်ဆိုဝတ်လိုက်''

တစ်ကိုယ်လုံးစိုရွှဲနေသော
ခန္ဓာကိုယ်ငယ်လေး။ ပြီးတော့
အဖြူရောင်အဝတ်လေးတစ်စုံကို
ကမ်းပေးရင်းစိတ်မရှည်နိုင်စွာပြုမူနေသော
Jeon။ သူသည်လည်းတစ်ကိုယ်လုံးစိုရွှဲနေသည်။

''မလိုက်ချင်ဘူးဆိုတိုင်း
ကားပေါ်ကပြေးဆင်းပြီး
မြစ်ထဲခုန်ချသက်သေဖို့စဥ်းစားလိုက်တာလား..အမ်''

Partyပွဲတွင်းဆွဲလားရမ်းလား
အပြုမူများကြောင့် အသားနုနုလေးတွေတွင်အနီရောင်သန်းလာသည်။
ဆေးလေးဝယ်လိမ်းပေးရင်း
romaticဆန်ကြည့်ချင်သည်။ သို့သော်
မာနခဲလေးကတော့မာနခဲလေးသာ။
ဆိုင်လေးတစ်ဆိုင်ရှေ့ရပ်ထားကာဆေးဝင်ဝယ်နေတုန်းအရှေ့ကမြစ်ထဲပြေးဆင်းလေရဲ့။ သိပ်မိုက်မဲ့တဲ့အချစ်ငယ်ပါ။

''မင်းခေါ်တဲ့နောက်လိုက်မဲ့အစားငါသက်သေလိုက်မယ်Jeon''

FREEDONE _မောင့်လိပ်ပြာငယ်(completed) Donde viven las historias. Descúbrelo ahora